လီဗာပူးက လိဂ်အိမ်ကွင်းရှုံးပွဲမရှိတာ ရက် ၉၀၀ ကျော်ပါပြီ။

၂၀၁၇ ဧပြီ ၁၇ တုန်းက အိမ်ကွင်းမှာ ပဲလေ့စ်ကို ၂-၁ နဲ့ အရေးနိမ့်ပြီးနောက် လိဂ်အိမ်ကွင်းရှုံးပွဲမရှိထားတော့တာ ရက်ပေါင်း ၉၀၀ ကျော်ပါပြီ။

ဒီကနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် လီဗာပူးအသင်းနဲ့ ပွဲ မတိုင်မီ မန်စီးတီးနည်းပြ ဂွါဒီယိုလာက မိမိတို့ အသင်း အနေနဲ့ အန်ဖီးလ်မှာ ရလဒ်မကောင်းတဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်ထားပေမယ့်လည်း အခုချိန်မှာ ဒီရလဒ်တွေအတွက် စိတ်ပူနေစရာမလိုဘူးလို့ ပြောလာခဲ့တဲ့အကြောင်း BBC SPORT သတင်းဌာနကဖော်ပြလာပါ တယ်။



မန်စီးတီးအနေနဲ့ အခုပွဲမှာ အရေးနိမ့်ခဲ့မယ်ဆိုရင် လီဗာပူးထက် ၉ မှတ်လျော့ အနေအထားမှာ ရောက်သွားမှာ ဖြစ်ပြီး မန်စီးတီးအတွက်အဆိုးရွားဆုံးမှတ်တမ်းကတော့ အန်ဖီးလ်မှာ ၁၉၈၁ ခုနှစ်နောက်ပိုင်း လိဂ်ပွဲတစ်ပွဲသာ နိုင်ထားဖူးတာဖြစ်ပါတယ်။

“ အချက်အလက်တွေကိုသိပ်မယုံချင်ပါဘူး၊အချက်အလက်တွေကိုတော့ ဘာမှ မပြောလိုပါဘူး၊အခုကျွန်တော်တို့ ကသူတို့ကို ဘယ်လိုအနိုင်ယူရမလဲပဲ တွေးနေပါတယ်။”လို့ ဂွါဒီယိုလာက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောသွား တာပါ။

မန်စီးတီးအနေနဲ့ လီဗာပူးရဲ့ အိမ်ကွင်းမှာလိဂ်ပွဲနိုင်ပွဲအဖြစ် ၁၉၈၁ တုန်းက တစ်ကြိမ်နိုင်ပြီးနောက် ၂၀၀၃ ကျမှ တစ်ကြိမ်ပြန်နိုင်ထားပါတယ်။

အဲ့နောက် ဒီကြားထဲမှာ လိဂ်ပွဲအဖြစ် လီဗာပူး အိမ်ကွင်းသွားကစားရတိုင်းသရေနဲ့ အရှုံးသာ အမြဲ ရင်ဆိုင်လာခဲ့ရ တာ ဖြစ်ပါတယ်။

လီဗာပူးနဲ့ မန်စီတီးတို့ရဲ့ အခုတစ်ကြိမ်း ပရီးမီးယားလိဂ်ပွဲအဖြစ် တွေ့ဆုံမှုက ပြီးခဲ့တဲ့ နှစ်က မန်စီးတီးကွင်းမှာ မန်စီးတီးက ၂-၁ နဲ့ အနိုင်ရပြီးနောက် ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံတာလည်း ဖြစ်ပါတယ်။

လီဗာပူးအတွက် မနှစ်က လိဂ်တစ်နှစ်ပတ်လုံး မန်စီးတီးတစ်ပွဲတည်းသာ အရေးနိမ့်ခဲ့ပြီး ချန်ပီယံဆုနဲ့ လွဲချော်ထား ခဲ့တာလည်း ဖြစ်ပါတယ်။



ဂွါဒီယိုလာက လီဗာပူးကွင်း မှတ်တမ်းဆိုးကို စိတ်မပူဘူးလို့ ပြောတဲ့အပေါ်မှာတော့ လီဗာပူးနည်းပြ ကလော့ပ်က လည်း မန်စီးတီးရဲ့ ကောင်တာဘောလုံးတွေကို သတိထားရမှာဖြစ်တယ်လို့ ပြောလာခဲ့ပါတယ်။

“ မန်စီးတီးရဲ့ အရင်အကြောင်းတွေ ပြောနေတာထက် အခုလက်ရှိ အခြေအနေကပဲ ပွဲကစားဖို့အကောင်းဆုံး ဖြစ်ပါလိမ့်မယ်၊ဘာပဲ ပြောပြော မန်စီးတီးက နည်းစနစ်နဲ့ မြန်နှုန်းမြင့် ပြေးအားတွေကို ပေါင်းစပ်ထားတဲ့ အထင် ကြီးစရာ ဘောလုံးအသင်းတစ်သင်းပါပဲ” လို့ ကလော့ပ်က မှတ်ချက်ပေးခဲ့ပါသေးတယ်။

လီဗာပူးနဲ့ မန်စီးတီးတို့ကတောာ့ ၁၈၉၃ ခုနှစ်က စတင်ပြီး ပြိုင်ပွဲစုံ ၂၁၃ ပွဲ တွေ့ဆုံထားရာမှာ လီဗာပူးက ၁၀၄ ပွဲနိုင်၊မန်စီးတီးက ၅၆ ပွဲနိုင်ထားပြီး သရေပွဲက ၅၃ ပွဲရှိထားပါတယ်။

Share

Loading Next Article...
က္က