ဆာလက်ဒ်၊ ချိန်ဘာလိန်တို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာပါ။
Win Kyaw Min

ပရီးမီးယားလိဂ်ပွဲကျန်အဖြစ်ရင်ဆိုင်ခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ ၀-၂ ဂိုးရလဒ်နဲ့ လီဗာပူးတို့အနိုင်ရခဲ့ တာ ပါ။

ဝက်စ်ဟမ်းအသင်းကို အနိုင်ရခဲ့တဲ့အတွက် အမှတ်ပေးဇယားဒုတိယနေရာက မန်စီးတီးအသင်းကို ရမှ တ် ၁၉မှတ်အထိဖြတ်ထားနိုင်ခဲ့ပေမယ့် အသင်းရဲ့အခြေအနေက ပြီးပြည့့်စုံတဲ့အခြေအနေမဟုတ်သေး ဘူးလို့ လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ရဲ့ ထုတ်ဖော်ပြောဆိုမှုကို dailymail ရဲ့ဖော်ပြချက်အရသိရပါ တယ်။

ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းကို အနိုင်ရရှိခဲ့ တဲ့ လီဗာပူးအသင်းအနေနဲ့ လက်ကျန်ပွဲစဉ် ၁၄ပွဲကျန်ရှိနေသေးပေမယ့် ချန်ပီယံဆုရယူနိုင်ဖို ့အတွက် ရာနှုန်းပြည့်နီးပါးသေချာခဲ့ပြီလည်းဖြစ်ပါတယ်။



“ ရလဒ်ပိုင်းကတော့ ကျေနပ်စရာအခြေအနေပါ။ ဒါပေမဲ့ ဒီအခြေအနေက ပြီးပြည့်စုံတဲ့အခြေ အနေေ တာ့မဟုတ်သေးပါဘူး။ အသင်းအနေနဲ့ အခုထက်ပိုပြီးစွမ်းဆောင်နိုင်ပါသေးတယ် ” လို့နည်းပြဂျာဂင် ကလော့ပ်က ဆိုခဲ့တာပါ။

ဝက်စ်ဟမ်းအသင်းကို အနိုင်ရရှိခဲ့တဲ့အတွက် လီဗာပူးအသင်းအနေနဲ့ ပြည်တွင်းပွဲ ၄ဝဆက်တိုက်မရှုံး ခဲ့ တဲ့ ချဲလ်ဆီးအသင်းရဲ့ စံချိန်ကို ၄၁ပွဲဆက်ရှုံးပွဲမရှိရလဒ်နဲ့ချိုးဖျက်နိုင်ခဲ့ပြီဖြစ်ပြီး အာဆင်နယ်အ သင်း ရဲ့ ၄၉ပွဲဆက်စံချိန်ကိုလိုက်မီဖို့ ၈ပွဲသာလိုအပ်တော့တာလည်းဖြစ်ပါတယ်။

လီဗာပူးနည်းပြကလော့ပ်အနေနဲ့ အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ချန်ပီယံဆုရယူပေးနို င် သူအဖြစ်မှတ်တမ်းဝင်ဖို့ အခြေအနေကောင်းတစ်ရပ်ကို ဖန်တီးနိုင်ခဲ့ပြီဖြစ်သလို ပရိသတ်အများစုကေ တာ့၁၉ကြိမ် မြောက်အမှတ်ပေးချန်ပီယံဆုအတွက်ရမှတ် ၁၉မှတ်အထိဖြတ်ထားခဲ့ပြီဖြစ်တယ်လို့ ဂုဏ် ယူဖော်ပြနေကြတယ်လို့လည်း သိရပါတယ်။


Author


က္က