အသင်းဖော်ရဲ့ ခြေစွမ်းကို အထင်ကြီးနေတာပါ။
Pyae Phyo Thein

ယူနိုက်တက်ကို ရောက်ရောက်ချင်းမှာပဲ ဖာနန်ဒက်စ်က ခြေစွမ်းပြနေပေမယ့် အီဂါလိုက အသင်းဖော်ရဲ့ခြေစွမ်းက ထပ်မံတိုးတက်ဦးမယ်လို့ ပြောဆိုခဲ့တာပါ။


မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူးအီဂါလိုက အသင်းဖော်ကွင်းလယ်လူဘရူနိုဟာနန်ဒက်ဇ်ဟာ ပုံမှန်ခြေစွမ်းရရှိဖို့အတွက် ကြိုးစားနေရဆဲဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ကို ရောက်ရောက်ချင်းမှာပဲ ဖာနန်ဒက်စ်က ခြေစွမ်းပြနေပေမယ့် အီဂါလိုက အသင်းဖော်ရဲ့ခြေစွမ်းက ထပ်မံတိုးတက်ဦးမယ်လို့ ပြောဆိုခဲ့တာပါ။

LASK နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ၁၆သင်းအဆင့် ပထမအကျော့ပွဲမှာလည်း ဖာနန်ဒက်စ်က အီဂါလိုရဲ့ သွင်းဂိုးအတွက်ဖန်တီးပေးခဲ့ပါတယ်။ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၃ ဂိုးနဲ့ ဖန်တီးမှု ၄ကြိမ်ကို ၈ ပွဲသာကစားထားရချိန်မှာ ဖာနန်ဒက်စ်က ပြုလုပ်ပေးထားခဲ့ပေမယ့် အီဂါလိုကတော့ အသင်းဖော်ဆီက ပိုမိုမြင့်မားတဲ့စွမ်းဆောင်ရည်တွေရလာဦးမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ 

အီဂါလို နဲ့ ဖာနန်ဒက်စ်တို့ဟာ အူဒီနီးစ်အသင်းမှာ အသင်းဖော်တွေအဖြစ် ကစားခဲ့ဖူးသူတွေဖြစ်ပါတယ်။ ယူနိုက်တက်မှာ နောက်ထပ်တစ်ကြိမ်အသင်းဖော်တွေအဖြစ် သူတို့နှစ်ဦးက လက်တွဲခဲ့ရပြီး အသင်းအတွက် ကိုယ်စီခြေစွမ်းပြနေခဲ့ကာ ၁၁ပွဲဆက်ရှုံးပွဲမရှိစံချိန်ကို ရရှိအောင် ကူညီပေးနိုင်ခဲ့ကြပါတယ်။ 

"သူနဲ့ အခုမှတွဲကစားဖူးတာမဟုတ်ပါဘူး၊ အူဒီနီးစ်မှာလည်း ၂၀၁၀ တုန်းက အတူတူကစားခဲ့ဖူးပါတယ်၊ သူက ပေးပို့ပုံကောင်းမွန်တဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်၊ သူ့အတွက်နေရာလွတ်တွေသာ ဖန်တီးပေးနိုင်မယ်ဆိုရင် ပိုကောင်းတာတွေကို လုပ်ပြနိုင်မှာပါ၊ အသင်းအတွက် ဂိုးရဖို့လိုအပ်တဲ့ကစားသမားလည်းဖြစ်ပါတယ်၊ သူကပရီးမီးယားလိဂ်အကြောင်းသိဖို့ ကြိုးစားနေဆဲဖြစ်လို့ပါ၊ သူ့ဆီက ပိုကောင်းတဲ့ခြေစွမ်းကို မြင်တွေ့ရဦးမှာပါ" လို့ အီဂါလိုက ပြောဆိုခဲ့ကြောင်း Mirror ကဖော်ပြခဲ့ပါတယ်။ 


က္က