ထိပ်သီးအသင်း ၆သင်းလုံးရဲ့ ပွဲထွက်ကစားသမားအများစုတွင် အင်္ဂလန်ကစားသမားအများစုပါဝင်လာခဲ့တာလည်းဖြစ်ပါတယ်။
၂၀၁၉-၂၀ ဘောလုံးရာသီပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အပြီး ပြိုင်ပွဲဝင်အသင်း ၂၀တွင် အင်္ဂလိပ်ကစားသမားအ များစုပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ထိပ်သီးအသင်းများတွင်ပါ စံချိန်တင်ပါဝင်လာခဲ့တဲ့အတွက် ၂၀၁၀ အဖွင့်ပွဲနော က်ပိုင်း အများဆုံးဖြစ်လာခဲ့တယ်လို့ DailyMail က ဖော်ပြလာပါတယ်။
အခုနှစ်ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် အင်္ဂလိပ်ကစားသမား ၈၃ဦးအထိ ပွဲထွက်ကစားခွင့်ရရှိလာခဲ့ခြင်းက ၂၀၁ ဝ-၁၁ ဘောလုံးရာသီတွင် ၈၅ ဦးပွဲထွက်ခွင့်ရပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ပြန်ဖြစ်လာခဲ့ခြင်းဖြစ်တ ယ်လို့လည်း မှတ်တမ်းတွေအရ သိရပါတယ်။
ဒါ့အပြင် ထိပ်သီးအသင်း ၆သင်းရဲ့ ပွဲထွက်ကစားသမားစာရင်းတွင်လည်း အင်္ဂလိပ်ကစားသမားအများစုပါဝင် လာခဲ့တဲ့အတွက် အခုနှစ်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ကစားသမားအားလုံးထဲကနေ ၃၇.၇ ရာခိုင်နှုန်းက ပွဲထွက်ခွင့်ရတဲ့ အင်္ဂလိပ်ကစားသမားတွေဖြစ်လာတာပါ။
အဖွင့်ပွဲမှာ ပွဲထွက်ကစားခွင့်ရခဲ့တဲ့ အင်္ဂလန်ကစားသမား ၈၃ဦးတွင် ထိပ်သီးအသင်း ၆သင်းမှာ ၂၂ဦးအထိပါဝင် လာခဲ့ခြင်းကလည်း ၂၀၁၆-၁၇ ဘောလုံးရာသီနောက်ပိုင်း အများဆုံးဖြစ်လာခဲ့တာကလည်း အင်္ဂလန်ဘောလုံး လောကအတွက် တိုးတက်မှုတစ်ခုအဖြစ် သုံးသပ်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။
အင်္ဂလိပ်ကစားသမားအများစုအသုံးပြုခဲ့တဲ့ အသင်းတွင် မန်ချက်စတာယူနိုက်တက်က ၅ယောက်နဲ့အများဆုံးဖြ စ်ခဲ့ပြီး စပါးနဲ့အာဆင်နယ်က ၄ယောက်စီ၊ ချဲလ်ဆီး၊ မန်စီးတီး၊ လီဗာပူးတို့က ၃ယောက်စီပါဝင်ခဲ့ကြတာလည်းဖြ စ်ပါတယ်။