ကစားသမား-နည်းပြအဖြစ် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဒီစီယူနိုက်တက်တိုက်စစ်မှူး ဝိန်းရူနီဟာ ဒါဘီကောင်တီအသင်းကို မပြောင်းရွှေ့မီ ယနေ့မှာ အင်္ဂလန်နိုင်ငံ၊ ဟီးသရိုးလေဆိပ်ကို ရောက်ရှိလာတာကို မြင်တွေ့ခဲ့ရကြောင်း Sportskeeda ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝိန်းရူနီဟာ ဒါဘီကောင်တီအသင်းနည်းပြ ဖိလစ်ကိုကူးရဲ့လက်အောက်မှာ ကစားသမားတပိုင်း နည်းပြတပိုင်းအဖြစ် တာဝန်ယူကစားသွားဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ ကောလာဟလတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။



မီဒီယာတွေရဲ့ဖော်ပြချက်အရ တနင်္လာနေ့မှာ ဒါဘီကောင်တီအသင်းက ဟက်ဒါစ်ဖီးလ်တောင်းအသင်းကို ၂-၁ နဲ့ အနိုင်ရရှိပြီး ချန်ပီယံရှစ်ပြိုင်ပွဲကို ဖွင့်လှစ်နိုင်ခဲ့ပြီးနောက် ဝိန်းရူနီ အင်္ဂလိပ်ဘောလုံးလောကကို ပြန်လာမယ့်ကိစ္စဟာ စတင်လည်ပတ်လာခဲ့တယ်လို့ သိရပါတယ်။

အင်္ဂလန်အသင်းအတွက် ပွဲအများဆုံးပါဝင်ကစားပေးခဲ့တဲ့ ဝိန်းရူနီဟာ ဒါဘီကောင်တီအသင်းနဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့အတွက် လန်ဒန်ကို ပျံသန်းလာခဲ့တယ်လို့ သိရပြီး ယနေ့မှာပဲ ဟီးသရိုးလေဆိပ်မှာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင်တိုက်စစ်မှူး ဝိန်းရူနီဟာ နည်းပြဘဝကို ကူးပြောင်းဖို့ ယခင်ကတည်းက မျှော်မှန်းထားသူဖြစ်ပြီး ဒါဘီကောင်တီအသင်းကို ကစားသမားအဖြစ်နဲ့ ကစားပေးရင်း နည်းပြအဖြစ်ပါ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က