အပြောင်းအရွှေ့ပိတ်ဆို့မှုကို တွန်းလှန်နိုင်ခဲ့မယ်ဆိုရင် ခေါ်ယူဖို့ ပြင်ဆင်နေတာပါ။
Kg Htet

ချယ်ဆီးအသင်းဟာ ဖီဖာရဲ့အပြောင်းအရွှေ့ပိတ်ဆို့မှုပြစ်ဒဏ်ကို တွန်းလှန်နိုင်ခဲ့မယ်ဆိုရင် ယခုနွေရာသီမှာ ဘာစီလိုနာကြယ်ပွင့် ကော်တင်ဟိုကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ချယ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ ဖီဖာရဲ့ အပြောင်းအရွှေ့ဈေးကွက် ၂ ခုမှာ ကစားသမားအသစ် ခေါ်ယူခွင့် ပိတ်ဆို့ခြင်းခံထားရပြီး ၂၀၂၀ ခုနှစ်အထိ ကစားသမားခေါ်ယူခွင့်ရှိမှာမဟုတ်ပါဘူး။



ဒါပေမယ့် ချယ်ဆီးအသင်းအနေနဲ့ ကစားသမားတွေကို ရောင်းချနိုင်ဆဲဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းက အီဒင်ဟာဇက်ကို လာမယ့်အပတ်အစောပိုင်းမှာ ခေါ်ယူနိုင်ပြီဖြစ်ကြောင်း အတည်ပြုနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

ချယ်ဆီးအသင်းအနေနဲ့ ဟာဇက်ရဲ့နေရာမှာ အစားထိုးဖို့ ကစားသမားသစ်ခေါ်ယူလိုနေတယ်လို့ နားလည်ရပြီး The Mirror ရဲ့သတင်းအရ ကော်တင်ဟိုဟာ ဟာဇက်နေရာမှာ အစားထိုးဖို့ ချယ်ဆီးအသင်းက သတ်မှတ်ထားတဲ့ကစားသမားဖြစ်တယ်လို့ သိရပါတယ်။

ကော်တင်ဟိုဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ လီဗာပူးအသင်းကနေ ဘာစီလိုနာအသင်းကို ပေါင် ၁၄၄ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး နူးကမ့်က ဘာစီလိုနာပရိသတ်တွေရဲ့ အားပေးထောက်ခံမှုရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိသူဖြစ်ပါတယ်။


Author


က္က