အသင်းရဲ့စွမ်းဆောင်ရည်အချို့ကို သဘောကျနေတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယမန်နေ့ညက အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် တွေ့ဆုံယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် နည်းပြဆိုးလ်ရှားက အသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ပျော်ရွှင်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်းနားဆိုးလ်ရှားက ဘာစီလိုနာကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က ကွင်းလယ်ကစားသမား မက်တွန်မ်နေးရဲ့ ထူးခြားတဲ့စွမ်းဆောင်ရည်အတွက် ချီးကျူးစကားပြောကြားခဲ့ပါတယ်။ ပထမပိုင်း ၁၂ မိနစ်မှာ လုခ်ရှောရဲ့ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တဲ့ဂိုးကြောင့် မန်ချက်စတာယူနိုက်တက်အသင်းက ရှုံးနိမ့်ခဲ့ပါတယ်။



အဖွင့်ဂိုး ပေးလိုက်ရပြီးတဲ့နောက်ပိုင်း မန်ချက်စတာယူနိုက်တက်အသင်းဟာ အထူးသဖြင့် ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို ကွင်းလယ်မှာ ပြသနိုင်ခဲ့ပြီး အခွင့်အရေးနည်းပါးခြင်းကြောင့် ဆိုးရွားတဲ့ရလဒ် ကြုံခဲ့ရပါတယ်။

ဒါပေမယ့် မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အသင်း ရှုံးနိမ့်ခဲ့ပေမယ့် အချို့စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီး အထင်ကြီးခဲ့ပြီး အထူးသဖြင့် ကွင်းလယ်ကြယ်ပွင့် မက်တွန်မ်နေးရဲ့ စွမ်းဆောင်ရည်ကို ဖြစ်ပါတယ်။

“ထူူးခြားပါတယ်။ ကျွန်တော်တို့အတွက် သူကစားပေးတဲ့အချိန်တိုင်း သူ တိုးတက်လာပါတယ်။ သူက အရမ်းကောင်းတဲ့အားကစားသမားတစ်ယောက်ပါ။ သူ တစ်နေကုန်လုံး ပြေးလွှားနိုင်ပြီး စိန်ခေါ်မှုတွေကို အနိုင်ယူနိုင်ပါတယ်။ သူက ခြေထောက်မြန်ပြီး ဒီနေ့ပွဲစဉ်မှာ ဘောလုံးနဲ့အတူ အေးအေးဆေးဆေးကစားနိုင်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင် သူ ကျွန်တော်တို့နဲ့ အခြေစကျနေပါပြီ”လို့ BT Sports ကို ပြောကြားသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က