loading...

loading...

loading...

လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရခဲ့လို့ ဟတ်ဒါဖီးလ်နဲ့ပွဲကို လွဲချော်ခဲ့တာပါ။
Pyae Phyo Thein

အသက် (၂၇)နှစ်အရွယ် ကစားသမားဟာ လီဗာပူးလ်က ဟတ်ဒါဖီးလ်ကို (၅-ဝ)နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲကို ဒဏ်ရာကြောင့် လွဲချော်ခဲ့သူလည်း ဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ တိုက်စစ်ကစားသမား ရောဘတ်တိုဖာမီနိုဟာ ဘာစီလိုနာနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲကို လွဲချော်ဖွယ်ရှိနေတယ်လို့ လီဗာပူးလ်နည်းပြ ကလော့ပ်က ပြောဆိုသွားခဲ့ပါတယ်။ အသက် (၂၇)နှစ်အရွယ် ကစားသမားဟာ လီဗာပူးလ်က ဟတ်ဒါဖီးလ်ကို (၅-ဝ)နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲကို ဒဏ်ရာကြောင့် လွဲချော်ခဲ့သူလည်း ဖြစ်ပါတယ်။

ဟတ်ဒါဖီးလ်နဲ့ပွဲအတွက်နောက်ဆုံးပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ဖာမီနိုက ကြွက်သားဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး နူးကမ့်မှာ ကစားရမယ့် အဝေးကွင်းပွဲစဉ်အတွက် မသေမချာဖြစ်နေခဲ့လို့ လီဗာပူုးလ်အတွက်တော့ အနည်းငယ်အားလျော့စရာ ဖြစ်လာခဲ့ပါတယ်။ ကစားသမားရဲ့ ဒဏ်ရာအခြေအနေက အသေးစားဖြစ်ပေမယ့်လည်း ပါဝင်နိုင်ဖို့မသေချာဘူးလို့ ကလော့ပ်က အခုလိုပဲ ပြောခဲ့ပါတယ်။

"ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာတော့ သူက ပုံမှန်ပါပဲ၊ ကြီးကြီးကျယ်ကျယ်ဘာမှမဖြစ်ခဲ့ပါဘူး၊ တည်ကန်ဘောတွေကနေ ဂိုးရဖို့ ကျွန်တော်တို့ နည်းနည်းလေ့ကျင့်ခဲ့ရုံပါပဲ၊ လေ့ကျင်ရေးကွင်းမှာလည်း သူ ဒဏ်ရာရခဲ့တာကို ကျွန်တော် မတွေ့ခဲ့ပါဘူး၊ လေ့ကျင့်ခန်းပြုလုပ်တဲ့ နောက်ဆုံးအခြေအနေမှာ သူ ဒဏ်ရာရရှိခဲ့ပုံပါပဲ၊ သူ့ ကြွက်သားက နည်းနည်းနာကျင်နေတယ်လို့ ခံစားရကြောင်း သူပြောခဲ့ပါတယ်"

"အခုတော့ စစ်ဆေးစမ်းသပ်မှုတွေပြုလုပ်အပြီးမှာ သူ ကြွက်သားဒဏ်ရာအနည်းငယ် ရရျီခဲ့တာပါ၊ ဗုဒ္ဓဟူးနေ့ပွဲအတွက် (ဘာစီလိုနာနဲ့ပွဲ) သူ အသင့်ဖြစ်နေနိုင်ပါတယ်၊ ဒါပေမယ့် သူ့လက်ရှိအခြေအနေကို ကျွန်တော် ရှင်းရှင်းလင်းလင်းတော့ မသိရသေးပါဘူး၊ ဒီဒဏ်ရာကြောင့် သူ ဟတ်ဒါဖီးလ်နဲ့ပွဲမှာ မပါဝင်ခဲ့တာပါ" လို့ ကလော့ပ်က ဟတ်ဒါဖီးလ်နဲ့ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။

ဖာမီနိုမပါဝင်နိုင်ခဲ့လို့ ကလော့ပ်က သူ့နေရာမှာ အခြားတိုက်စစ်မှူးဖြစ်တဲ့ စတားရစ်ချ်ကို ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ လီဗာပူးလ်ဟာ မန်စီးတီးအသင်း ဘန်လေနဲ့ မကစားရသေးခင် (၂)မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့ပါတယ်။ ဟတ်ဒါဖီးလ်နဲ့ပွဲမှာ

လီဗာပူးအတွက် ဂိုးတွေကို ကီတာ၊ မာနေးနဲ့ ဆာလာတို့က (၂)ဂိုးစီ အသီးသီးသွင်းယူပေးခဲ့ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က