ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာကြပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အိုလီဂန်းနားဆိုးလ်ရှားက ယနေ့ညမှာ ဘာစီလိုနာအသင်းနဲ့ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အတွက် ဆန်းချက်ဇ်နဲ့ မာတစ်တို့ ၂ ဦးစလုံး ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ဆန်းချက်ဇ်နဲ့ မာတစ်တို့ ၂ ဦးစလုံးဟာ ဘာစီလိုနာအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ အိမ်ကွင်းအိုးထရက်ဖို့ဒ်က ပထမအကျော့ပွဲစဉ်ကို လွဲချော်ခဲ့ကြသူတွေဖြစ်ပြီး ယမန်နေ့က စပိန်ကို ထွက်ခွာသွားတဲ့အသင်းလူစာရင်းနဲ့အတူ လိုက်ပါသွားတာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ မတ်လအစကတည်းက မန်ချက်စတာယူနိုက်တက်အသင်းအတွက် ကစားပေးခြင်းမရှိတော့သူဖြစ်ပြီး ဆောက်သမ်တန်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒူးအရွတ်ဒဏ်ရာရရှိခဲ့ပါတယ်။



မာတစ်ကလည်း ပြီးခဲ့တဲ့ ၂ ပတ်စလုံး အသင်းရဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့သူဖြစ်ပြီး ဘာစီလိုနာကို ရောက်ရှိပြီးနောက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ နည်းပြဆိုးလ်ရှားက ယူနိုက်တက်ပရိသတ်တွေအတွက် သတင်းကောင်းကို ပြောကြားလိုက်တာဖြစ်ပါတယ်။

“သူတို့ ၂ ဦးစလုံး ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်ပြီး ဟုတ်တာပေ့ါ။ ဆန်းချက်ဇ်အတွက်ကတော့ ကြီးမားတဲ့ညတစ်ညဖြစ်လာမှာပါ”

“သူ ကွင်းထဲမှာရှိနေတဲ့အချိန်မှာ သူ သက်သေပြချင်နေမယ်ဆိုတာ ကျွန်တော် သေချာသိပါတယ်။ ဘာစီလိုနာအသင်းကိုပဲမဟုတ်ပါဘူး။ ကျွန်တော်တို့ကိုရောပါ။ ဘာလို့လဲဆိုတော့ သူ ဒဏ်ရာရရှိခဲ့ပြီး ကောင်းမွန်တဲ့ရာသီတစ်ခု မရရှိခဲ့လို့ပါ”

“သူ ဒီရာသီကို ကောင်းကောင်းအဆုံးသတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါက လုပ်ငန်းသိမ်းချိန်မို့လို့ပါ။ ဆန်းချက်ဇ်အနေနဲ့ သူ့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ပျော်ရွှင်ဖို့ မျှော်လင့်ကြတာပေါ့”လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က