ပဲလေ့စ်နဲ့ပွဲမှာ အနီကဒ်ပြခံထားရတာပါ။

လီဗာပူး နောက်ခံလူ ရော်ဘင်ဆင်ရဲ့ ဖျက်ထုတ်ပုံကို ဘာပြစ်ဒဏ်မှ မရခဲ့တာနဲ့ပတ်သက်ပြီး အာဆင်နယ် အသင်းက ရည်ရွယ်ချက်မရှိခဲ့တဲ့အပေါ် ပွဲပယ်ပြစ်ဒဏ်လျော့ပေါ့ပေးဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။

ပဲ‌လေ့စ်နဲ့ပွဲမှာ ကစားပုံ ကြမ်းတမ်းလို့ အနီကဒ်ပြ ထုတ်ပယ်ခံလိုက်ရတဲ့ တိုက်စစ်မှူး အူဘာမီယန်းကို အင်္ဂလန်အက်ဖ်အေက ၃ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။



VAR စနစ်ပြန်ကြည့်ပြီးနောက် တိုက်ရိုက် အနီကဒ်ပြ ထုတ်ပယ်ခံခဲ့ရတဲ့အပေါ်မှာတော့ အာဆင်နယ်အသင်းက ၃ ပွဲပယ် ပြစ်ဒဏ်ကို လျော့ပေါ့ပေးဖို့ မျှော်လင့်နေတာလို့ Goal.com က ဖော်ပြလာတာပါ။

အူဘာမီယန်းကတော့ ဒုတိယပိုင်းမှာ ပဲလေ့စ်ကစားသမား မက်စ်မေယာကို ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့လို့ တိုက်ရိုက် အနီကဒ်ပြသခံခဲ့ရပေမယ့် အဆိုပါပွဲမှာတော့ အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းပေးခဲ့သူလည်း ဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အာဆင်နယ် နည်းပြ အူဘာမီယန်းက တမင်တကာ ကျူးလွန်တာမဟုတ်ပဲ မတော်တဆ ထိခိုက်မိခဲ့တာပဲ ဖြစ်တယ်လို့ ပြောလာခဲ့ပါတယ်။

“ သူ့အနေနဲ့ ဒဏ်ရာ ကြီးကြီးမားမားမရပါစေနဲ့လို့ ဆုတောင်းသလို ဆုံးဖြတ်ချက်ကိုလည်း ခံယူပါတယ်။”လို့ အာတီတာက ဆိုပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်က ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မတော်တဆဖြစ်တယ်လို့ ခံယူပြီး ရော်ဘင်ဆင်က စပါး ကစားသမား တန်ဂန်ဂါကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့သည့်တိုင် ဘာ ပြစ်ဒဏ်တစ်စုံတစ်ရာ မရှိခဲ့တဲ့အပေါ်၊နော်ဝှစ် နဲ့ပွဲက ဂွမ်ဒိုဇီရဲ့ ဖြစ်ရပ်၊ပြီးခဲ့တဲ့လက ဝက်စ်ဟမ်းနဲ့ပွဲမှာ ပီပီရဲ့ ဖြစ်ရပ်တွေနဲ့ ယှဥ်ပြပြီး ဒီဖြစ်စဥ်အပေါ် သနား ငဲ့ညှာပေးဖို့ ‌မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။

အူဘာမီယန်းအနေနဲ့ ၃ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာကြောင့် လာမယ့် ရှက်ဖီး၊ချဲလ်ဆီးတို့နဲ့ ကစားမယ့် လိဂ်ပွဲ အပါဝင် ဘုန်းမောက်နဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲတွေကို လွဲချော်ဖို့ ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က