မာနေးနဲ့ ဆာလာတို့ ၂ ဦးပဲ ရရှိခဲ့တယ်လို့ ထင်မြင်ခဲ့တာပါ။
Kg Htet

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ဟာ အာဆင်နယ်ကြယ်ပွင့်တိုက်စစ်မှူး အူဘာမီယန်းဟာ ယခုရာသီ ထိပ်တန်းဂိုးသွင်းရှင်ထဲမှာ ပါဝင်နေပြီး ရွှေဖိနပ်ဆုကို ပူးတွဲရရှိခဲ့ကြောင်း သိရှိခဲ့ရပြီးနောက် အံ့အားသင့်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

ယမန်နေ့က အာဆင်နယ်အသင်းဟာ ဘန်လေအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အူဘာမီယန်းဟာ ၂ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ဝုဗ်အသင်းကို လီဗာပူးအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာလည်း မာနေးက တစ်ဦးတည်း ၂ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။



ယခုရာသီပရီးမီးယားလိဂ်မှာ မာနေး၊ မိုဟာမက်ဆာလာနဲ့ အာဆင်နယ်ကြယ်ပွင့် အူဘာမီယန်းတို့အားလုံးဟာ သွင်းဂိုး ၂၂ ဂိုးစီနဲ့ ရွှေဖိနပ်ဆုကို ပူးတွဲဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ဟာ ၎င်းရဲ့ဒေါ့မွန်ကစားသမားဟောင်း အူဘာမီယန်းအနေနဲ့ ၂၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကို အံ့အားသင့်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့မှာ ထိပ်တန်းဂိုးသွင်းရှင် ၂ ဦးရှိတယ်။ ဟုတ်တယ်မဟုတ်လား။ သြော်၊ အူဘာကလည်း နောက်ထပ် ၂ ဂိုး ထပ်သွင်းပြန်ပြီလား။ ဘန်လေနဲ့ ပွဲမှာလေ။ ကျွန်တော် ဘယ်တုန်းကမှ အဲဒီလိုဖြစ်မယ်လို့ မမျှော်မှန်းခဲ့ပါဘူး။ အဲဒါဆို အခုသူတို့တွေ ဘယ်လိုလုပ်ကြမှာလဲ။ သူတို့တွေ ရွှေဖိနပ် ၃ ခုလုပ်နေပြီလား။ ဒါမှမဟုတ် သုံးလလောက်နေမှ အားလုံး အဲဒီရွှေဖိနပ်ကို ရကြမှာလား။ အဲဒီတော့ ကျွန်တော့်ကစားသမားတွေအားလုံးပဲပေါ့” လို့ ဝုဗ်နဲ့ပွဲအပြီ းသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။


Author


က္က