အူဘာမီယန်နဲ့လာကာဇက်တို့ဟာ လက်ရှိအာဆင်နယ်အသင်းအတွက်လည်း ဂိုးအများဆုံးသွင်းထားနိုင်သူတွေပါ။
Ye Yint Htay

အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက အသင်းတိုက်စစ်အတွဲဖြစ်တဲ့ အူဘာမီယန်နဲ့လာကာဇက်တို့ကို ချီးကျုးလိုက်ပြီး သူတို့နှစ်ဦးတွဲကစားတာကိုမြင်တွေ့ရတာ ပျော်ရွှင်မိတယ်လို့ ပြောခဲ့ကြောင်း Daily Mail ကဖော်ပြထားပါတယ်။

 

အာဆင်နယ်အသင်းတိုက်စစ်မှာ အတွဲညီညီကစားနေတဲ့ အူဘာမီယန်နဲ့လာကာဇက်တို့ ကစားပုံကိုမြင်တွေ့ရတာ ပျော်ရွှင်မိတယ်လို့ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီကပြောခဲ့ပါတယ်။ အူဘာမီယန်နဲ့လာကာဇက်တို့ဟာ လက်ရှိအာဆင်နယ်အသင်းအတွက်လည်း ဂိုးအများဆုံးသွင်းထားနိုင်သူတွေပါ။ အာဆင်နယ်နည်းပြ အမ်မရီဟာ တိုက်စစ်မှူးနှစ်ဦးထားကစားရတာကို နှစ်သက်ပြီး သူကိုင်တွယ်ခဲ့တဲ့အသင်းတိုင်းမှာ တိုက်စစ်အတွဲတွေကို မွေးထုတ်နိုင်ခဲ့ပါတယ်။



“တစ်ခါတစ်လေမှာ တိုက်စစ်မှူးနှစ်ဦးထားသုံးဖို့လိုပြီး တစ်ခါတစ်လေမှာတော့ တစ်ယောက်ပဲသုံးရတာမျိုးတွေရှိပါတယ်။ အဲ့လိုအချိန်မျိုးမှာတော့ တစ်ယောက်က အရန်ခံထိုင်ရမှာပေါ့။ ကျွန်တော်ကတော့ တိုက်စစ်မှူး နှစ်ဦးသုံးရတာကြိုက်ပြီး တစ်ခါတစ်လေ သုံးဦးအထိသုံးတာမျိုးတွေရှိပါတယ်။ ကျွန်တော်က အသင်းမှာရှိတဲ့ကစားသမားကောင်းတိုင်းကိုကစားစေချင်ပါတယ်။ အခု အာဆင်နယ်မှာ အူဘာမီယန်နဲ့ လာကာဇက်တို့ရှိနေပါပြီ။”လို့ အူနိုင်းအမ်မရီကပြောခဲ့ကြောင်း Daily Mail ကဖော်ပြထားပါတယ်။

ဒီရာသီ အူဘာမီယန်နဲ့လာကာဇက်တို့အတူတွဲကစားခွင့်ရချိန်မှာ အူဘာမီယန်က ၁၄ဂိုး၊ လာကာဇက်က ၁၂ဂိုးအထိသွင်းထားနိုင်ကြပါတယ်။ အူနိုင်းအမ်မရီရဲ့နည်းပြဘဝသက်တမ်းတလျှောက်မှာ ထင်ရှားတဲ့ တိုက်စစ်အတွဲတွေကတော့ ပီအက်စ်ဂျီအသင်းမှာ ကာဗာနီနဲ့ဘက်ပီ၊ ဗလင်စီယာမှာ ဒေးဗစ်ဗီလာနဲ့ မိုရီယန်တေးစ်၊ ဆီဗီလာမှာ ဂါမဲလ်ရိုးနဲ့ ဘာကာတို့ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က