နှစ်ပွဲကစားနှစ်ပွဲနိုင်ထားပြီး အမှတ်ပေးဇယားအဆင့် ၂မှာရပ်တည်နေပါတယ်။

နှစ်ဦးစလုံးက လက်ရှိအသင်းရဲ့ လုပ်ခမြင့်ကစားသမားတွေ ဖြစ်ပြီး လာကာဇက်က ပေါင် ၁၄၀၀၀၀ နဲ့ အူဘာ က ပေါင် ၂၀၀၀၀၀ ရရှိနေတာပါ။

တိုက်စစ်အတွဲဖြစ်တဲ့ အူဘာမီယန်းနဲ့လာကာဇက်တို့ နှစ်ဦးကို အာဆင်နယ်အသင်းက လမယ့်နှစ် ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် ကစားပေးနိုင်ရင်မြင့်မားတဲ့ လုပ်ခနဲ့သက်တမ်း တိုးမြှင့်သွားမယ်လို့ ကမ်းလှမ်းမှု ပြုလုပ်ထား ကြောင်း Daily Mail ကဖော်ပြလာပါတယ်။



နှစ်ဦးစလုံးက လက်ရှိအသင်းရဲ့ မြင့်မားတဲ့ လုပ်ခ ရရှိနေသူတွေ ဖြစ်ပြီး လာကာဇက်က တစ်ပတ် ပေါင် ၁၄၀၀၀၀ ရရှိ နေပြီး အူဘာမီယန်းကတော့ ပေါင်၂သိန်း ရရှိနေတာပါ။

အာဆင်ယန်အသင်းအနေနဲ့ ဒီနှစ်မှာလည်း ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့မယ်ဆိုရင် မြင့်မားတဲ့ အပြောင်းအရွှေ့ အသုံးစရိတ် ထုတ်ပေးမယ်လို့ နည်းပြ အူနိုင်းအမ်မရီကို ပြောခဲ့ပေမယ့် မဝင်ခဲ့တာကြောင့် ပေါင် ၄၅ သန်းသာ ထုတ်ပေးခဲ့တာပါ။

အလားတူ လာကာဇက်နဲ့ အူဘာမီယန်းတို့ နှစ်ဦးကိုလည်း လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်မှသာ ပြိုင်ပွဲက ရလာတဲ့ အကျိုးအမြတ်တွေထဲက လုပ်ခပိုမိုမြှင့်ပေးနိုင်မှာ ဖြစ်တာကြောင့် လန်ဒန်မှာ အနာဂတ်ကို ရည်ရွယ်ထားတယ် ဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် ကစားဖို့ တွန်းအားပေးထားလိုက်တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကတော့ လက်ရှိ ပရီးမီးယားလိဂ် ၂ ပွဲကစားပြီးချိန် ၂ ပွဲနိုင် ၆ မှတ်နဲ့ အမှတ်ပေးဇယားအ ဆင့် ၂ နေရာမှာ ရပ်တည်နေပြီး တတိယပွဲစဉ်အဖြစ် လီဗာပူးအသင်းနဲ့ ကစားရဖို့ ရှိနေပါတယ်။

လာကာဇက်က တစ်ဂိုးနဲ့ အူဘာမီယန်းက ၂ ဂိုး အသီးသီး သွင်းယူပေးထားနိုင်ပြီး ဂိုးကွာခြားချက်အရ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေရတာပါ။

Share

Loading Next Article...
က္က