မန်စီးတီးကို ကွင်းလယ်ကစားသမားမာတစ်ရဲ့သွင်းဂိုးနဲ့အနိုင်ရရှိခဲ့တာပါ။
Win Kyaw Min

ခါရာဘောင်းဖလားဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ မန်စီးတီးအသင်းကို အနိုင်ရရှိခဲ့တာပါ။

ရလဒ်ပိုင်းဆိုးရွားမှုများကြောင့် ရာသီမကုန်မီ အသင်းကထုတ်ပယ်ခံရနိုင်တယ်လို့ သတင်းတွေထွက် ပေါ်ခဲ့တဲ့ ယူနိုက်တက်နည်းပြဆိုးလ်ရှားအနေနဲ့ ၂ပွဲဆက်အနိုင်ရလဒ်နဲ့အတူ ရာထူးနေရာတည်မြဲ ရေး အတွက် အကောင်းဆုံးစွမ်းဆောင်ပြနေတယ်လို့ thesun က သုံးသပ်ဖော်ပြလာပါတယ်။

ယူနိုက်တက်နည်းပြဆိုးလ်ရှားအနေနဲ့ ပြီးခဲ့တဲ့အက်ဖ်အေဖလားစတုထ္ထအဆင့်ပွဲစဉ်မှာ ထရန်မဲလ်ရိုဗာ အသင်းကို ၆ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက် မန်စီးတီးနဲ့ပွဲစဉ်မှာလည်း တစ်ယောက်လျော့အနေအထားနဲ့ အနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။



မှတ်တမ်းတွေအရ ယူနိုက်တက်နည်းပြဆိုးလ်ရှားအနေနဲ့ အသင်းကိုတာဝန်ယူကိုင်တွယ်နေစဉ်အတွ င်း ၂ပွဲဆက်အနိုင်ရရှိမှုများရှိခဲ့ပေမယ့် ပေးဂိုးမရှိ ၂ပွဲဆက်အနိုင်ရလဒ်ကတော့ အခုအကြိမ်ကပထမဦး ဆုံးဖြစ်တယ်လို့ သုံးသပ်ဖော်ပြမှုတွေအရ သိရပါတယ်။

အစောပိုင်းသတင်းထွက်ပေါ်မှုများတွင်ယူနိုက်တက်အသင်းတာဝန်ရှိသူတွေအနေနဲ့ ဆိုးလ်ရှားရဲ့နေရာ မှာအစားထိုးဖို့အတွက် စပါးနည်းပြဟောင်းပိုချက်တီနို၊ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြေ ဆာက်ဂိ တ်၊ လိုက်ပ်ဇစ်နည်းပြနာဂျယ်လ်မန်တို့ကို စိတ်ဝင်စားနေခဲ့တယ်လို့ Starsportsကဖော်ပြထားခဲ့တာပါ။

လက်ရှိမှာတော့ ကစားသမားသစ်ခေါ်ယူမှုအဖြစ် စပို့တင်းလစ္စဘွန်းကွင်းလယ်ကစားသမားဘရူနို ဖာန န်ဒက်စ်ကိုခေါ်ယူနိုင်ခြင်းနဲ့့အတူ အသင်းရဲ့ရလဒ်ပိုင်းအချို့ပြန်လည်တည်ငြိမ်လာတဲ့အတွက် အသင်း တာဝန်ရှိသူတွေအနေနဲ့ နည်းပြအပြောင်းအလဲပြုလုပ်မယ့် အစီအစဉ်ကို ပြင်ဆင်ဆုံးဖြစ်ဖွ ယ်ရှိနေတ ယ်လို့လည်း thesun က ဖော်ပြလာပါတယ်။



Author


က္က