အဆင့် ၃ နေနရာ ရောက်ရှိမယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရပါတယ်။
Pyae Phyo Thein

ပွဲပြီးခါနီးပေးခဲ့ရတဲ့ ချေပဂိုးကြောင့် ယူနိုက်တက်တို့ အဖိုးတန်ရမှတ် ၂မှတ်ဆုံးရှုံးခဲ့ရပြီး အဆင့် ၅ နေရာမှာသာ ဆက်ရှိနေခဲ့ရပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းဟာ အဆင့် ၃ နေရာကိုတက်လှမ်းပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာတစ်နေရာကို ဆုပ်ကိုင်နိုင်မယ့် အခွင့်အရေးကို အိမ်ကွင်းမှာ ဆောက်သမ်တန်နဲ့ သရေကစားပြီး ဆုံးရှုံးသွားခဲ့ရပါတယ်။ ပွဲပြီးခါနီးပေးခဲ့ရတဲ့ ချေပဂိုးကြောင့် ယူနိုက်တက်တို့ အဖိုးတန်ရမှတ် ၂မှတ်ဆုံးရှုံးခဲ့ရပြီး အဆင့် ၅ နေရာမှာသာ ဆက်ရှိနေခဲ့ရပါတယ်။ 

ဆောက်သမ်တန်က အမ်းစထရောင်းရဲ့ အဖွင့်ဂိုးကို ရက်ရှ်ဖို့်ဒ်နဲ့ မာရှယ်တို့က ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေသွင်းယူပြီး အသင်းကို နိုင်ပွဲရစေဖို့ ကူညီပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲကစားချိန်နောက်ဆုံးမိနစ်မှာ ထောင့်ကန်ဘောကတဆင့် အိုဘာဖီမီရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရလို့ ၂ဂိုးစီ သရေနဲ့သာကျေနပ်ခဲ့ရပြီး ချယ်လ်ဆီးနဲ့ တစ်မှတ်ကွာ၊ လက်စတာနဲ့ ရမှတ်တူ၊ဂိုးကွာခြားချက်ကြောင့် အဆင့် ၅နေရာ မတက်နိုင်ခဲ့ဘဲရှိခဲ့ပါတယ်။ 

ဒီနေ့ပွဲမှာ ယူနိုက်တက်ကစားသမားတွေ ခြေစွမ်းမပြနိုင်ခဲ့ဘဲ တူညီတဲ့လူစာရင်းကိုပဲ ငါးပွဲဆက်တိုက်အသုံးပြုနေခဲ့တဲ့ ဒဏ်ကို နည်းပြဆိုးလ်ရှား ခံစားခဲ့ရပါတယ်။ ကစးသမားတွေ ပွဲပန်းနေခဲ့သလို ပေါ့ဂ်ဘာကလည်း အမှားအယွင်းတွေများနေခဲ့ပြီး ဆိုးလ်ရှားရဲ့ လူစားလဲမှုတွေမှားယွင်းခဲ့တာကလည်း ရမှတ်တွေ ဆုံးရှုံးစေခဲ့ပါတယ်။ 

ယူနိုက်တက်သရေကျခဲ့လို့ ချယ်လ်ဆီးအတွက် အသက်ရှူချောင်ခဲ့ပြီး လက်ကျန် ၃ပွဲကတော့ အကြိတ်အနယ်ရှိလာတော့မှာဖြစ်ပါတယ်။ ယူနိုက်တက် နဲ့ လက်စတာတို့ရဲ့ ရာသီနောက်ဆုံးပွဲစဉ်က ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို အဆုံးအဖြတ်ပေးလာတော့မှာ ဖြစ်ပြီး လမ်းပတ်ရဲ့ ချယ်လ်ဆီးအတွက်လည်း မျှော်လင့်ချင်စရာလမ်းစတွေဟာ ယူနိုက်တက်ရဲ့ သရေပွဲကြောင့် ပေါ်ပေါက်လာခဲ့ရပါတယ်။ 

ယူနိုက်တက်သာ အနိုင်ရရှိခဲ့မယ်ဆိုရင် အဆင့် ၄ နေရာကို လက်စတာနဲ့ ချယ်လ်ဆီးတို့ အပြိုင်လုရမှာဖြစ်ပေမယ့် သရေကျခဲ့တာကြောင့် အသင်း ၃သင်းရဲ့ အပြိုင်အဆိုင်ကြိုးပမ်းမှုတွေကို မြင်တွေ့ရဦးမှာလည်းဖြစ်ပါတယ်။ ဘယ်အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို ရယူသွားနိုင်မလဲဆိုတာကတော့ စိတ်ဝင်စားရာကောင်းနေခဲ့ပါပြီ။ 


Author


က္က