ပုံမှန်ကစားချိန်အတွင်း တစ်ဂိုးစီသရေဖြစ်ခဲ့ပါတယ်။

ရလဒ်တွေဆိုးဝါးနေလို့ ဖိအားတွေအောက်ကို ရောက်နေခဲ့တဲ့ ဆိုးလ်ရှားရဲ့အသင်းဟာ ရော့ချ်ဒေးလ်ကို ချေပဂိုးပြန်ပေးခဲ့ရပြီး ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။


ကာရာဘောင်းဖလားပြိုင်ပွဲရဲ့ တတိယအဆင့်ပွဲစဉ်တွေကို ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ရာမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းငယ်လေး ရော့ချ်ဒေးလ်ကို အိမ်ကွင်းမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့သာ အနိုင်ရရှိခဲ့ပါတယ်။ မာဆွန်ဂရင်းဝုဒ်ရဲ့ သွင်းဂိုးနဲ့ ယူနိုက်တက်က အိမ်ကွင်းမှာ ဦးဆောင်နိုင်ခဲ့ပေမယ့် ရော့ချ်ဒေးလ်က ပြန်လည်ချေပခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ ဒီပွဲမှာ ဒဏ်ရာကပြန်လည်သက်သာလာတဲ့ ပေါ့ဂ်ဘာကို ထည့်သွင်းကစားစေခဲ့ပါတယ်။ ပေါ့ဂ်ဘာအနေနဲ့ ပွဲချိန်အတွင်း အပိုင်အခွင့်အရေးတချို့ရရှိခဲ့ပေမယ့် လွဲချော်ခဲ့ရပြီး ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကိုလည်း ဂရင်းဝုဒ်က ၆၈ မိနစ်မှာမှ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရလဒ်တွေဆိုးဝါးနေလို့ ဖိအားတွေအောက်ကို ရောက်နေခဲ့တဲ့ ဆိုးလ်ရှားရဲ့အသင်းဟာ ရော့ချ်ဒေးလ်ကို ချေပဂိုးပြန်ပေးခဲ့ရပြီး ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာတော့ ၅-၃ နဲ့ ယူနိုက်တက်က အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်ကိုတက်ရောက်သွားခဲ့ကာ အဝေးကွင်းမှာ ချယ်လ်ဆီးနဲ့ သွားရောက်ကစားရမှာဖြစ်ပါတယ်။

ဒီပွဲအပြီးမှာတော့ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့အတွက် ယူနိုက်တက်ပရိသတ်တချို့က ပြောဆိုခဲ့ကြသလို အသင်းကစားသမားတွေအနေနဲ့လည်း သူတို့ရရှိနေတဲ့ တစ်ပတ်စာလုပ်ခလစာကို ရော့ချ်ဒေးလ်ကစားသမားတွေကို ပေးသင့်တယ်လို့ ပရိသတ်တွေက ပြင်းပြင်းထန်ထန်ပြစ်တင်ဝေဖန်ပြီး ပြောဆိုခဲ့ကြတယ်လို့ Daily Mail ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။



က္က