ပြင်ဆင်ချိန်အနည်းငယ်သာ ရရှိခဲ့တာကြောင့်လို့ ဆိုပါတယ်။

ယူနို်က်တက်တကျော့ပြန်ကစားသမားဘဝမှာ ပွဲဦးထွက်ပွဲစဉ်ကစားဖို့အတွက် ရော်နယ်ဒိုဟာ နောက်တစ်ပတ် အင်္ဂါနေ့အထိ စောင့်ဆိုင်းရဖွယ်ရှိတယ်လို့ သိရပါတယ်။ အသက် ၃၆ နှစ်အရွယ် ကစားသမားဟာ ဂျူဗီကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် မန်ချက်စတာမှာ ကွာရန်တင်းဝင်နေခဲ့ကာ ဒီတစ်ပတ်မှာ အသင်းနဲ့ လေ့ကျင့်မှုတွေစတင်ပြုလုပ်မှာဖြစ်ပြီး စက်တင်ဘာ ၁၁ ရက်နေ့ ကစားမယ့် နယူးကာဆယ်နဲ့ပွဲကို ပါဝင်နိုင်ဖို့ အားလုံးကမျှော်လင့်နေကြပါတယ်။ 

ဒါပေမယ့်လည်း The Sun ကတော့ ရော်နယ်ဒိုဟာ နယူးကာဆယ်နဲ့ပွဲအတွက် ပြင်ဆင်ချိန်အနည်းငယ်သာရတယ်လို့ ဖော်ပြခဲ့ပါတယ်။ ရော်နယ်ဒိုအနေနဲ့ အဆိုပါပွဲမှာ အရန်ခုံသာထိုင်ရဖွယ်ရှိနေပြီး ဒါဟာ ဗာရန်းကို ခေါ်ယူပြီးနောက်မှာ ချက်ချင်းမကစားစေဘဲ အရန်ခုံထိုင်ခိုင်းခဲ့တဲ့ ဆိုးလ်ရှားရဲ့ လုပ်ရပ်ကို ထပ်မံမြင်တွေ့ရဖို့လည်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအတွက် ရော်နယ်ဒိုဟာ ဆွစ်ဇာလန်မှာ သွားကစားရမယ့် ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်မှသာ ပွဲထွက်ခွင့်ရနိုင်ဖို့ မျှော်လင့်ရမှာဖြစ်ကြောင်းလည်း ရေးသားခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ လက်ရွေးစင်အသင်းအတွက် အိုင်ယာလန်နဲ့ပွဲကို ဝင်ရောက်ကစားပေးခဲ့ပြီး အဝါကတ်ထိခဲ့တာကြောင့် အဇာဘိုင်ဂျန်နဲ့ကစားရမယ့် ဒီနေ့ပွဲကို လွဲချော်မှာဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်နဲ့ အချိန်စောစွာ ပူးပေါင်းနိုင်ခဲ့ပြီး မန်ချက်စတာကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ မိသားစုနဲ့အတူ ကွာရန်တင်းဝင်နေချိန်မှာ တစ်ဦးတည်းလေ့ကျင့်မှုတွေကို ရော်နယ်ဒိုက ပြုလုပ်နေတယ်လို့ သိရပါတယ်။ 

အသက် ၃၆ နှစ်အရွယ် ရော်နယ်ဒိုကို နယူးကာဆယ်နဲ့ပွဲမှာ ပါဝင်မယ်လို့ ပရိသတ်တွေက မျှော်လင့်နေပြီး အဆိုပါပွဲအတွက် လက်မှတ်တွေဟာ ကုန်စင်အောင်ရောင်းချခဲ့ရပြီဖြစ်ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုရဲ့ ဂျာစီတွေဟာလည်း ရောင်းအားမြင့်တက်နေခဲ့ပြီး ၂၄ နာရီအတွင်း အားကစားတစ်ရပ်ရဲ့ ဂျာစီအရောင်းရဆုံးကစားသမားအဖြစ်ပါ စံချိန်တင်နိုင်ခဲ့တယ်လို့ Mirror က ဖော်ပြခဲ့ပြီးယူနိုက်တက်အတွက်တော့ ကြီးမားတဲ့အကျိုးကျေးဇူးတွေ ရရှိခဲ့ပြီဖြစ်ပါတယ်။ 



က္က