၃ ဂိုးနဲ့အထက် လေးပွဲဆက်နိုင်တဲ့အသင်း မရှိသေးပါဘူး။
Pyae Phyo Thein

ယူနိုက်တက်ဟာ ဗီလာနဲ့ ကစားခဲ့တဲ့ နောက်ဆုံးပရီးမီးယားလိဂ်အဝေးကွင်း ပွဲပေါင်း ၂၀ မှာ ၁၃ ပွဲနိုင်ကာ ၇ ပွဲသရေကျထားခဲ့ပြီး ရှုံးပွဲမရှိစံချိန်ကို ပိုင်ဆိုင်ထားခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် ဗီလာနဲ့ကစားရမယ့်ပွဲကို ၃ဂိုးနဲ့အထက်အနိုင်ရရှိခဲ့မယ်ဆိုပါက ပရီးမီးယားလိဂ်သမိုင်းမှာ အံ့မခန်းစံချိန်မှတ်တမ်းကို ပိုင်ဆိုင်နိုင်တော့မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ယူနိုက်တက်က ၁၆ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ပိုင်ဆိုင်ထားပြီးတော့ အကောင်းဆုံးပုံစံကိုပြသနေတာလည်းဖြစ်ပါတယ်။ 

ဗီလာကို ၃ ဂိုးပြတ်အနိုင်ရရှိခဲ့ပါက ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲလေးပွဲဆက်တိုက် ၃ဂိုးနဲ့အထက် အနိုင်ရရှိတဲ့ ပထမဆုံးအသင်းဖြစ်လာမှာလည်းဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ရှက်ဖီးကို ၃-၀၊ ဘရိုက်တန်ကို ၃-၀ နဲ့ ဘုန်းမောက်ကို ၅-၂ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိထားခဲ့တာဖြစ်ပြီး စံချိန်သစ်ကို ရယူနိုင်ဖို့ သွင်းဂိုး ၃ဂိုးနဲ့ နိုင်ပွဲတစ်ပွဲသာလိုအပ်တော့တာဖြစ်ပါတယ်။ 

ဆိုးလ်ရှားလက်ထက်မှာ အကောင်းဆုံးပုံစံကို တဖြည်းဖြည်းနဲ့တည်ဆောက်ရယူလာနိုင်တဲ့ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း မျှော်လင့်ချက်အားကောင်းနေပြီး ချယ်လ်ဆီးနဲ့ လက်စတာတို့ကိုဖိအားပေးနေတာဖြစ်ပါတယ်။ ဖာနန်ဒက်စ်၊ ပေါ့ဂ်ဘာ၊ မာရှယ်၊ ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်အစရှိတဲ့ တိုက်စစ်ပိုင်းနဲ့ ကွင်းလယ်ပိုင်းက ကစားသမားတွေ ခြေစွမ်းပြနေတာလည်းဖြစ်ပါတယ်။ 

ယူနိုက်တက်ဟာ ဗီလာနဲ့ ကစားခဲ့တဲ့ နောက်ဆုံးပရီးမီးယားလိဂ်အဝေးကွင်း ပွဲပေါင်း ၂၀ မှာ ၁၃ ပွဲနိုင်ကာ ၇ ပွဲသရေကျထားခဲ့ပြီး ရှုံးပွဲမရှိစံချိန်ကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ သူတို့အနေနဲ့ ၁၉၉၅-၉၆ ဘောလုံးရာသီမှာ ၁-၃ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ရှုံးပွဲမရှိခဲ့တော့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ သူတို့ရင်ဆိုင်ခဲ့တဲ့ အသင်းတွေအနက် ရှုံးပွဲမရှိစံချိန်အများဆုံးရယူနိုင်တဲ့အသင်းအဖြစ် ဗီလာကို အသာစီးရယူထားနိုင်ခဲ့ပါတယ်။ 


Author


က္က