အဓိက ကစားသမားအချို့မပါဝင်ပဲ ကစားခဲ့တာပါ။

ယူနိုက်တက်အသင်းအနေနဲ့ ဗီလာကို ပထမပိုင်း ၁၆မိနစ်မှာ အိုလီဝက်ဒ်ကင်သွင်းယူတဲ့တစ်လုံးတည်းသော ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် ကစားသမားသစ်တွေရဲ့ စွမ်းဆောင်ရည်အပေါ် နည်းပြ ဆိုးလ်ရှားက ကျေနပ်လျက်ရှိပါတယ်။

စနေနေ့က ကစားခဲ့တဲ့ ဗီလာအသင်းနဲ့ ခြေစမ်းပွဲမှာ ယူနိုက်တက်အသင်းဟာ ၁-၀နဲ့ အရေးနိမ့်ခဲ့ပေမယ့် အသစ် ခေါ်ယူထားတဲ့ ကွင်းလယ်ကစားမား ဒိုနီဗန်ဒီဘိခ်နဲ့ အငှားကနေ ပြန်ခေါ်ထားတဲ့ ဂိုးသမား ဒီယန်ဟန်ဒါဆင်တို့ရဲ့ လက်စွမ်းကို နည်းပြ ဆိုးလ်ရှားက ချီးကျူးစကားဆိုခဲ့တယ်လို့ Goal.comက ဖော်ပြလာပါတယ်။



အဆိုပါ ခြေစမ်းပွဲမှာတော့ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ပေါ့ဂ်ဘာ၊မာရှယ်၊ဒီဂီယာနဲ့ ဖာနန်ဒက်စ်တို့ မပါဝင်ခဲ့ကြပဲ ဂိုးသမား ဟန်ဒါဆင်နဲ့ ဗန်ဒီဘိခ်တို့က ပွဲချိန်ပြည့်ပါဝင်လာကြတာပါ။

“ဒိုနီကတော့ ကျွန်တော်တို့အတွက် တကယ့်ကို အကျိုးရှိတဲ့ ခေါ်ယူမှုပါပဲ၊သူက အချိန်ကိုက် လှုပ်ရှားမှုကောင်းသ သလို ဖန်တီးပေးနိုင်မှုနဲ့ နေရာယူနိုင်မှုတွေလည်း အကောင်းဆုံး လုပ်နိုင်ပါတယ်။သူကစားတာနဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှု အပြည့်ရပါတယ်။”လို့ ဆိုးလ်ရှားက MUTVကို ပြောသွားပါတယ်။

ဒိုနီနည်းတူ ဂိုးသမား ဒီယာနိုအနေနဲ့လည်း - “ အသင်းရဲ့ အရေးပါတဲ့ သူတစ်ဦးကဲ့သို့ စွမ်းဆောင်ပြနိုင်ခဲ့တာ တွေ့ ရပါတယ်၊အထူးသဖြင့် ဒုတိယပိုင်းမှာပေါ့ ပြိုင်ဖက်ရဲ့ ထိုးဖောက်လာမှုက အင်မတန်မှ စိတ်လှုပ်ရှားစရာဆိုပေမယ့် သူ အကောင်းဆုံး လုပ်ဆောင်ပြနိုင်ခဲ့ပါတယ်။”လို့ ဆိုးလ်ရှားက ဆက်လက် သုံးသပ်ပေးခဲ့ပါတယ်။

ယူနိုက်တက်အသင်းကတော့ မနှစ်က ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အထိ တက်လှမ်းခဲ့လို့ ရာသီအစမှာ အခြားအသင်း တွေထက် အနည်းငယ် နောက်ကျပြီးမှ လိဂ်အဖွင့်ပွဲ ကစားခွင့်ရထားပါတယ်။

ဒါကြောင့် လာမယ့် စနေနေ့မှသာ ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲကို စကစားရမှာ ဖြစ်ပြီး ပဲလေ့စ်အ သင်းကတော့ ဆောက်သမ်တန်ကို ၁-၀နဲ့ အဖွင့်ပွဲမှာ အနိုင်ရထားပါတယ်။

Share

Loading Next Article...
က္က