ပတ့်သ်မြို့ဟာ လီဗာပူးအမာခံပရိသတ်အများစုရှိတဲ့ မြို့တစ်မြို့ပါ။
Win Kyaw Min

အက်ဖ်အေတာဝန်ရှိသူတွေကတော့ ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်တွေကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားဖို့ ဆုံးဖြတ်ထားခဲ့တာလည်းဖြစ်ပါတယ်။

၂၀၁၉-၂၀ ဘောလုံးရာသီပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်တွေဆက်လက်ယှဉ်ပြိုင်ကစားဖို့ သတ်မှတ်ပြီးဖြစ်ပေမ ယ့် အခက်အခဲအချို့ရှိလာခဲ့ပါက အခြားအစီအစဉ်တစ်ခုအဖြစ် ဗြိတိန်နိုင်ငံပြင်ပတွင် ကျင်းပပေးဖို့ ကမ်းလှမ်းမှု အချို့ ရှိလာခဲ့တယ်လို့ the sun က ဖော်ပြလာပါတယ်။

COVID-19 ရောဂါအခြေအနေကို အနေအထားတစ်ခုအထိ ထိန်းချုပ်နိုင်ပြီဖြစ်ပေမယ့် မထင်မှတ်ထားတဲ့အခြေ အနေများကြုံလာခဲ့ပါက အဆင်ပြေစေဖို့အတွက် ဒုတိယဦးစားပေးအစီအစဉ်အဖြစ် သြစတြေးလျနိုင်ငံက ကမ်း လှမ်းခဲ့ခြင်းလည်းဖြစ်ပါတယ်။



အမည်မဖော်လိုတဲ့ အသင်းတာဝန်ရှိသူတစ်ဦးက “ သြစတြေးလျလိုနိုင်ငံက ဘောလုံးကစားဖို့အကောင်းဆုံးနိုင် ငံပါ။ အသင်းတွေအားလုံးနီးပါး ရာသီကြိုခြေစမ်းပွဲတွေသွားကစားဖူးကြပါတယ်။ အဆင်ပြေနိုင်မယ်လို့ထင်ပါတ ယ်။ ဒါပေမဲ့ ဘာမဆိုဖြစ်လာနိုင်ပါတယ် ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါသေးတယ်။

ဇွန်လ ၈ရက်နေ့မှာ ပြန်လည်စတင်ဖို့ လျာထားတဲ့ ပရီးမီးယားလိဂ်အနေနဲ့ လက်ကျန်ပွဲစဉ်အားလုံးကို ပရိသတ် မပါဘဲ ကွင်းပိတ်ကစားဖို့စီစဉ်ထားတာဖြစ်ပြီး အဆင်မပြေမှုများရှိခဲ့ပါက သြစတြေးလျနိုင်ငံရဲ့ကမ်းလှမ်းမှုကိုလ က်ခံလိုတဲ့ အသင်းအချို့ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

ဂယ်ရီနဗီးလ်အပါအဝင် ရုပ်သံတင်ဆင်သူအများစုကလည်း ပရီးမီးယားလိဂ်အဆုံးသတ်ပွဲစဉ်တွေကို နိုင်ငံပြင် ပမှာကစားဖို့ မှတ်ချက်ပြုမှုအချို့ရှိနေခဲ့ပြီး သြစတြေးလျနိုင်ငံ၊ ပတ့်သ်မြို့မှာလည်း ပရိသတ် ၆၅,၀၀၀ ဝင်ဆံ့တဲ့ အော့ပ်တပ်စတေဒီယံအပြင် ၂၀,၅၀၀ ဆံ၊ ၂၄,၅ဝဝဆံ၊ ၁၆,၀၀၀ ဆံ အားကစားကွင်းရုံများရှိနေခဲ့ခြင်းကြောင့် အဆင်ပြေမှုအချို့ရှိနိုင်တယ်လို့လည်း သိရပါတယ်။


Author

  • Win Kyaw Min

က္က