ချယ်လ်ဆီးကို ဒီရာသီမှာ ပထမဆုံးရှုံးနိမ့်ပြီး ဆုဖလားတစ်လုံးလက်လွှတ်ခဲ့ရပါတယ်။
Pyae Phyo Thein

ယူနိုက်တက်အတွက်လည်း ၁၉ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကျိုးပျက်ခဲ့ပြီးတော့ ကစားသမားအများစုခြေစွမ်းမပြနိုင်ခဲ့သလို ဂိုးသမားဒီဂီယာကလည်း အမှားတွေရှိနေခဲ့ပြီး အရေးနိမ့်ခဲ့ရပါတယ်။


အက်ဖ်အေဖလားဆီမီးဖိုင်နယ်မှာ ချယ်လ်ဆီးကို အရေးနိမ့်ခဲ့တဲ့ပွဲအပြီး ယူနိုက်တက်နည်းပြဆိုးလ်ရှားက ဗိုလ်လုပွဲကိုတက်ရောက်နိုင်ဖို့ အကောင်းဆုံးလူစာရင်းကို ပွဲထုတ်ခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ၃-၁ နဲ့ ချယ်လ်ဆီးကို အရေးနိမ့်ခဲ့ပြီး ဗို်လ်လုပွဲတက်ရောက်ခွင့်နဲ့ လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ 

ယူနိုက်တက်အတွက်လည်း ၁၉ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကျိုးပျက်ခဲ့ပြီးတော့ ကစားသမားအများစုခြေစွမ်းမပြနိုင်ခဲ့သလို ဂိုးသမားဒီဂီယာကလည်း အမှားတွေရှိနေခဲ့ပြီး အရေးနိမ့်ခဲ့ရပါတယ်။ လူစာရင်းပိုင်းအပြောင်းအလဲတွေရှိခဲ့သလို ပွဲချိန်အတွင်းမှာလည်း အဲရစ်ဘိုင်ယီ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့လို့ ဆိုးလ်ရှားအတွက် ရှုံးချက်နာခဲ့ရတဲ့ ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ 

"နောက်တဆင့်ကိုရောက်ဖို့ အကောင်းဆုံးဖြစ်နိုင်မယ့်လူစာရင်းကို ကျွန်တော်ရွေးချယ်ခဲ့တာပါ၊ ဒီနေ့မှာတော့ အလုပ်မဖြစ်ခဲ့ပါဘူး၊ ပထမပိုင်းမှာ ဘိုင်ယီထွက်ခဲ့ရလို့ အပြောင်းအလဲတွေလုပ်ခဲ့ရပါတယ်၊ ဒါပေမယ့်လည်း ဗုဒ္ဓဟူးနေ့အတွက် ကျွန်တော်တို့ မားမားမတ်မတ်ရပ်နေရဦးမှာပါ၊ ဒီနေ့ပွဲမှာ နောက်တဆင့်ကိုရောက်ဖို့ ကျွန်တော်လူစာရင်းရွေးခဲ့တာပါ" လို့ ဆိုးလ်ရှားကပြောခဲ့ပါတယ်။

အမှားအယွင်းတွေရှိနေခဲ့တဲ့ ဒီဂီယာနဲ့ပတ်သက်ပြီးတော့လည်း ဆိုးလ်ရှားက "အားလုံးမှာ စွမ်းဆောင်ရည်ကိုယ်စီရှိပါတယ်၊ ဒီအတွက်လည်း ပြောဆိုပိုင်ခွင့်ရှိပါတယ်၊ ဒုတိယဂိုးကို သူ ကာကွယ်နိုင်ခဲ့သင့်တယ်ဆိုတာ သူကိုယ်တိုင်သပိပါတယ်၊ ဒါပေမယ့် ဒါတွေက ပြီးသွားပါပြီ၊ သူ ကောင်းမွန်တဲ့ကာကွယ်မှုတချို့ လုပ်နိုင်ခဲ့ပါတယ်၊ ဒါပေမယ့် ဟိုဂိုးကိုတော့ ကာကွယ်နိုင်သင့်တယ်ဆိုတာ သူသိပါတယ်" လို့ ပြောခဲ့ကြောင်း Sky Sports က ဖော်ပြခဲ့ပါတယ်။ 


Author


က္က