ဗိုလ်လုပွဲက အာဆင်ယန်ရဲ့ပွဲလို့ ပြောဆိုခဲ့တာပါ။

ဆီမီးဖိုင်နယ်မှာ မန်စီးတီးကို အနိုင်ယူပြီး အာဆင်နယ်ကကျော်ဖြတ်ခဲ့တာဖြစ်လို့ ယုံကြည်မှုလည်း မြင့်တက်နေတာဖြစ်ပါတယ်။ 


ဒီနေ့ညမှာ ကစားသွားရမယ့် အက်ဖ်အေဖလားဗို်လ်လုပွဲမတိုင်ခင်မှာ အာဆင်နယ်အသင်းခေါင်းဆောင်တိုက်စစ်မှူးအော်ဘာမီယန်က ချယ်လ်ဆီးအသင်းကို သတိပေးစကားတွေပြောဆိုလိုက်ပါတယ်။ ဝင်ဘလေမှာ ကစားရမယ့် လန်ဒန်ဒါဘီပွဲစဉ်ဟာ နှစ်သင်းစလုံးအတွက် တစ်ခုတည်းသော ဆုဖလားအဖြစ်မျှော်လင့်နေရတာလည်းဖြစ်ပါတယ်။

"ဒါက ငါတို့ရဲ့ ပြိုင်ပွဲ" ပဲလို့ အော်ဘာမီယန်က ရိုးရှင်းတဲ့အသုံးအနှုနး်နဲ့ ပြိုင်ဘက်ကို သတိပေးခဲ့ပါတယ်။ အာဆင်နယ်ကတော့ အက်ဖ်အေဖလားမှာ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေတာဖြစ်ပြီးတော့ ၁၄ ကြိမ်အထိ ဗိုလ်စွဲထားခဲ့တာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာ မန်စီးတီးကို အနိုင်ယူပြီး အာဆင်နယ်ကကျော်ဖြတ်ခဲ့တာဖြစ်လို့ ယုံကြည်မှုလည်း မြင့်တက်နေတာဖြစ်ပါတယ်။ 

အာဆင်နယ်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားလည်းဖြစ်တဲ့ အော်ဘာမီယန်က "ဗိုလ်လုပွဲအတွက် ကျွန်တော်မစောင့်ဆိုင်းနို်ငတေ့ဘူး၊ နာမည်ကျော်ကြားတဲ့ ပြိုင်ပွဲကြီးတစ်ခုမှာ ကျွန်တော့်ရဲ့ ပထမဆုံးဗိုလ်လုပွဲလည်းဖြစ်ပါတယ်၊ ပရိသတ်တွေအတွက်လည်း ခက်ခဲမယ်ဆိုတာ သိပါတယ်၊ ကွင်းအတွင်းမှာ သူတို့ရှိနေမှာမဟုတ်ပါဘူး၊ ဒါပေမယ့် သူတို့အတွက် ဒီပွဲက ဘယ်လောက်အဓိပ္ပာယ်ရှိလဲ ကျွန်တော်တို့နားလည်ပြီးသားပါ"

"အထူးသဖြင့် မြို့ခံပြိုင်ဘက်နဲ့ ကစားရတာဖြစ်နေပါတယ်၊ အက်ဖ်အေဖလားက ဒီအသင်းကို ဘယ်လိုကိုယ်စားပြုထားလဲ ကစားသမားတစ်ဦးအနေနဲ့ ကျွန်တော်သိပါတယ်၊ ဆီမီးဖိုင်နယ်မှာဆိိုရင် အံ့အားသင့်ဖွယ်ရာကောင်းတဲ့ နဖူးစည်းစာတမ်းတွေကို ကျွန်တေ်ာတို့ မြင်တွေ့ခဲ့ရပြီးတော့ ဒီပြိုင်ပွဲက ကျွန်တော်တို့ရဲ့ ပြိုင်ပွဲပါပဲ" လို့ ပြောဆိုခဲ့ကြောင်း Football.london က ဖော်ပြခဲ့ပါတယ်။ 

ချယ်လ်ဆိးကတော့ ဆီမီးဖိုင်နယ်မှာ မန်ချက်စတာယူနိုက်တက်ကို အနိုင်ရရှိခဲ့တာဖြစ်ပြီး မန်ချက်စတာမြို့ခံနှစ်သင်းကို ကျော်ဖြတ်လာခဲ့တဲ့ လန်ဒန်မြို့ခံနှစ်သင်းရဲ့ ဗိုလ်လုပွဲကတော့ စိတ်ဝင်စားဖွယ်ရာအတိပါပဲ။ အာဆင်နယ်တိုုက်စစ်မှူးဟောင်း ဂီရော့ဒ်က ချယ်လ်ဆီးအတွက်၊ ချယ်လ်ဆီးနောက်ခံလူဟောင်းဒေးဗစ်လုဇ်က အာဆင်နယ်အတွက် ကိုယ်စားပြုကာ အသင်းဟောင်းတွေကို ပြန်ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။ 



က္က