ဆုဖလားချီးမြှင့်ခံရမှုမှာ ပရိသတ်တွေမပါဘဲ ခြောက်ကပ်နေခဲ့ပါတယ်။
Pyae Phyo Thein

လီဗာပူးလ်အသင်းဟာ အန်ဖီးလ်မှာ ချယ်လ်ဆီးကို ၅-၃ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဆုဖလားကိုင်မြှောက်ကာ အောင်ပွဲခံခဲ့ပေမယ့် ပရိသတ်တွေမပါဝင်ခဲ့လို့ တစ်စုံတစ်ရာလစ်ဟင်းသလိုဖြစ်ခဲ့ရပါတယ်။


ကိုရိုနာဗိုင်းရပ်စ်ကင်းစင်သွားချိန်မှာ အောင်ပွဲခံပါတီပြုလုပ်သွားမယ်လို့ လီဗာပူးလ်နည်းပြကလော့ပ်က ချယ်လ်ဆီးနဲ့ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ အန်ဖီးလ်မှာ ချယ်လ်ဆီးကို ၅-၃ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဆုဖလားကိုင်မြှောက်ကာ အောင်ပွဲခံခဲ့ပေမယ့် ပရိသတ်တွေမပါဝင်ခဲ့လို့ တစ်စုံတစ်ရာလစ်ဟင်းသလိုဖြစ်ခဲ့ရပါတယ်။

နှစ်ပေါင်း ၃ဝအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပေမယ့် အသင်းပရိသတ်တွေဟာ သမိုင်းဝင်အောင်ပွဲကို ကွင်းအတွင်းမှာ အသင်းနဲ့အတူ အောင်ပွဲခံခွင့်မရခဲ့ဘဲ အန်ဖီးလ်ကွင်းအပြင်ဘက်မှာသာ စုရုံးပြီး အောင်ပွဲခံခဲ့ကြရကာ ပရီးမီးယားလိဂ်ချန်ပီယံအတွက်တော့ ကသိကအောက်ဖြစ်နေခဲ့ရပါတယ်။ 

"ခင်ဗျားတို့အတွက် ကျွန်တော်တို့စွမ်းဆောင်ပေးခဲ့တာတွေကို မမြင်တွေ့နိုင်ဘူးဆိုရင်တော့ ကျွန်တော်လည်းကူညီနို်င်မှာမဟုတ်ဘူး၊ ပြီးခဲ့တဲ့ငါးနှစ်တုန်းက သံသယဖြစ်နေခဲ့တဲ့သူတွေကို ယုံကြည်ပေးကြဖို့အတွက် ကျွန်တော်တောင်းဆိုခဲ့ပါတယ်၊ အားလုံးက ပြောင်းလဲပေးခဲ့ကြပြီး ကျွန်တော်တို့ချန်ပီယံဖြစ်အောင် ကူညီပေးခဲ့တာပါ၊ ကျေးဇူးအများကြီးတင်ပါတယ်"

"ကျွန်တော်တို့အားလုံးအောင်ပွဲခံသင့်တာပါ၊ ဒီ ေ-ာက်ရေးမပါတဲ့ ဗိုင်းရပ်စ်ကင်းစင်သွားတဲ့နေ့မှာ အတူတူအောင်ပွဲခံကြဖို့ ပြင်ဆင်ထားကြပါ၊ ကျွန်တော်တို့အတူတူ ပါတီလုပ်ကြမယ်လို့ ကတိပေးပါတယ်၊ ကျွန်တော်တို့က ချန်ပီယံပါ၊ ဒါက အမှန်တရားပဲ၊ ဖလားလေးလုံးရခဲ့ပြီး ကြီးမားတဲ့ဆုဖလားတစ်ခုပါဝင်ခဲ့ပါတယ်" လို့ ကလော့ပ်က ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 

ချယ်လ်ဆီးနဲ့ကစားခဲ့တဲ့ပွဲအပြီးမှာတော့ ပရိသတ်တွေက ကွင်းအပြင်မှာ အောင်ပွဲခံခဲ့ကြပြီး အသင်းကတော့ ကွင်းအတွင်းမှာ အောင်ပွဲခံနေခဲ့ကြတာဖြစ်ပါတယ်။ လီဗာပူးလ်ဟာ အိမ်ကွင်းရှုံးပွဲမရှိစံချိန်ကို ၃ရာသီဆက်တိုက်ရရှိခဲ့ပြီးတော့ အန်ဖီးလ်ဟာ ပြိုင်ဘက်တွေအတွက် ခက်ခဲတယ်ဆိုတာကိုလည်း ပြသနိုင်ခဲ့ပါတယ်။ 


Author


က္က