ပရီးမီးယားလိဂ်မှာ တွေ့ရှိသူ ၁၃ဦးအထိ ရှိခဲ့ပါတယ်။
Pyae Phyo Thein

အဆိုပါပုဂ္ဂိုလ်အနေနဲ့ ၇ ရက်ကြာ တစ်ဦးတည်းသီးသန့်နေထိုင်ရတော့မှာဖြစ်ပြီး လမ်းညွှန်ချက်တွေအတိုင်း ဆောင်ရွက်သွားမယ်လို့ တော့တင်ဟမ်အသင်းရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ပါဝင်ခဲ့ပါတယ်။ 


ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု နောက်ဆုံးအကြိမ်အဖြစ်တဲ့ ပဥ္စမအကြိမ်မြောက်စစ်ဆေးမှုကို ပြုလုပ်ခဲ့ရာမှာ ကူးစက်ခံရသူတစ်ဦးတွေ့ရှိခဲ့ရပြီး တော့တင်ဟမ်ဟော့စပါးအသင်းက ဖြစ်တယ်လို့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က သူတို့ရဲ့တရားဝင်ဝက်ဘ်ဆိုက်ကတဆင့် အသိပေးကြေညာချက်ထုတ်ပြန်သွားခဲ့ပါတယ်။ 

ဒီတွေ့ရှိမှုဟာ ၁၃ ဦးမြောက် တွေ့ရှိမှုဖြစ်ပြီး စစ်ဆေးမှုပေါင်းငါးထောင်ကျော်ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကလပ်အသင်းဝန်ထမ်းနဲ့ ကစားသမားတွေကို အသုတ်လိုက်ခွဲပြီးတော့ စစ်ဆေးခဲ့ရာမှာ ပထမအကြိမ်မှာ ၆ ဦး၊ ဒုတိယအကြိမ်မှာ ၂ဦး၊ တတိယအကြိမ်မှာ ၄ဦး၊ စတုတ္ထကြိမ်မှာ မတွေ့ရှိခဲ့ဘဲ နောက်ဆုံးအကြိမ်မှာတော့ တစ်ဦးထပ်မံတွေ့ရှိခဲ့တာလညး်ဖြစ်ပါတယ်။

တော့တင်ဟမ်အသင်းကလည်း သူတို့အသင်းက တွေ့ရှိခဲ့တယ်ဆိုတာကို အတည်ပြုခဲ့ပြီး ဘယ်သူဘယ်ဝါဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါဘူး။ အဆိုပါပုဂ္ဂိုလ်အနေနဲ့ ၇ ရက်ကြာ တစ်ဦးတည်းသီးသန့်နေထိုင်ရတော့မှာဖြစ်ပြီး လမ်းညွှန်ချက်တွေအတိုင်း ဆောင်ရွက်သွားမယ်လို့ တော့တင်ဟမ်အသင်းရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ပါဝင်ခဲ့ပါတယ်။ 

တွေ့ရှိခဲ့သူအများစုဟာ ဘယ်သူတွေဖြစ်တယ်၊ ဘယ်ကလပ်အသင်းတွေကလဲဆိုတာကို မသိရသလို ရောဂါကူးစက်ခံရမှုကနေ ပြန်လည်သက်သာလာခြင်းရှိ၊ မရှိဆိုတာကိုလည်း ကွဲကွဲပြားပြားမသိရှိရသေးပါဘူး။ လက်ရှိမှာတော့ ပရီးမီးယားလိဂ်ရဲ့ စစ်ဆေးမှုတွေက ပြီးဆုံးသွားခဲ့ပြီဖြစ်ကာ သတ်မှတ်ထားတဲ့နေ့ရက်မှာ လိဂ်ပွဲတွေကို ပြန်လည်စတင်နိုင်ဖို့အတွက် အခြေအနေပိုမိုကောင်းမွန်လာပြီလို့လည်း ယုံကြည်နေကြောင်း သိရပါတယ်။ 

ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုတော့ ဇွန်လ ၁၇ ရက်နေ့မှာ ပွဲကျန်နှစ်ပွဲဖြစ်တဲ့ မန်စီးတီး-အာဆင်နယ်၊ ဗီလာ-ရှက်ဖီးတို့နဲ့ စတင်သွားမှာဖြစ်ပြီး အဲဒီနောက်မှာတော့ ပုံမှန်ကျင်းပနေတဲ့အတိုင်း ဆက်လက်ကစားသွားမှာလည်းဖြစ်ပါတယ်။ 


Author


က္က