ခေါင်းဆောင်မှုအပိုင်းမှာ သာလွန်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
Pyae Phyo Thein

 ဗန်ဒိုက်ဟာ လီဗာပူးလ်ရဲ့ အဓိကနောက်ခံလူအဖြစ် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းက ရပ်တည်နိုင်ခဲ့ပြီး အသင်းကို ချန်ပီယံလိဂ်ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ 


ချယ်လ်ဆီးကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ဖရန့်လီဘတ်ဖ်က လီဗာပူးလ်နောက်ခံလူဗန်ဒိုက်ဟာ ယူနိုက်တက်နောက်ခံလူဟောင်းဗီဒစ်ထက် ပိုမိုကောင်းမွန်တဲ့ကစားသမားဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဗန်ဒိုက်ဟာ လီဗာပူးလ်ရဲ့ အဓိကနောက်ခံလူအဖြစ် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းက ရပ်တည်နိုင်ခဲ့ပြီး အသင်းကို ချန်ပီယံလိဂ်ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ 

ဒီရာသီမှာလည်း အမှတ်ပေးဇယားမှာ ဦးဆောင်နေနိုင်အောင် အဓိကနေရာကပါဝင်ခဲ့ပြီး ၂၀၁၉ ခုနှစ်ရဲ့ ဥရောပတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကလပ်ကမ္ဘာ့ဖလား၊ ဥရောပစူပါဖလားတို့ကိုလည်း ဆွတ်ခူးနိုင်ခဲ့ကာ လီဗာပူးလ်ရဲ့ ဒီဘက်နှစ်အောင်မြင်မှုတွေမှာ ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဗီဒစ်ကတော့ ဗန်ဒိုက်ထက် ပိုမိုပြီးအောင်မြင်မှုတွေရယူနိုင်ခဲ့ပါတယ်။ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ဖလားငါးလုံး၊ လိဂ်ဖလား ၃လုံး နဲ့ ချန်ပီယံလိဂ်ဖလားတစ်လုံးတို့ကို ၉ နှစ်အတွင်း ဆွတ်ခူးနိုင်ခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ်ခန့်အပ်ခံခဲ့ရကာ အသင်းဂန္ထဝင်ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

လီဘတ်ဖ်ကတော့ ဗန်ဒိုက်ရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကြောင့် ပိုမိုကောင်းမွန်သူလို့ ယူဆခဲ့တာဖြစ်ပါတယ်။ ESPN နဲ့တွေ့ဆုံခဲ့မှုမှာ လီဘတ်ဖ်က "ဗန်ဒိုက်ကိုပဲ ညွှန်းချင်ပါတယ်၊ သူကပိုပြီးတော့ ပြည့်စုံတယ်လို့ ထင်ပါတယ်၊ ဗီဒစ်ကို ကျွန်တော်နှစ်သက်ပါတယ်၊ ဘာလို့လဲဆိုတော့ သူက ကောင်းမွန်တဲ့နောက်ခံလူတစ်ဦးဖြစ်လို့ပါပဲ၊ ဒါပေမယ့် ဗန်ဒိုက်က အသင်းကို ပိုဦးဆောင်နိုင်ပါတယ်"

"ဗီဒစ်က အဲဒီအပိုင်းမှာ သိပ်မလုပ်နိုင်ဘူးလို့ ကျွန်တော်မြင်ပါတယ်" လို့ လီဘတ်ဖ်က ပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်ကတော့ နှစ်ပေါင်း ၃ဝအတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ဖို့အတွက် နိုင်ပွဲ ၂ ပွဲသာ လိုအပ်တော့တာဖြစ်ပြီး လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲစဉ်တွေကို ခေတ္တရပ်ဆိုင်းထားခဲ့ရပါတယ်။ 


က္က