ဒူးဒဏ်ရာရရှိထားတာပါ၊
Kyaw Ko Ko Sint

ဒူးဒဏ်ရာရရှိထားတာ ဖြစ်ပြီး အသင်းနဲ့အတူ လေ့ကျင့်ခန်းတစ်ကြိမ်တောင် ပူးပေါင်းနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

မန်စီးတီး တိုက်စစ်မှူး အဂူရိုဟာ ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်နေ့တုန်းက ဘန်လေနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် အနား ယူနေရသူ ဖြစ်ပြီး လက်ရှိမှာလည်း မသက်သာသေးလို့ နောက်ထထပ် ၂လခန့် ထပ်မံ နားရမယ်လို့သိရပါတယ်။

အဂူရိုအနေနဲ့ ဒူးဒဏ်ရာကြောင့် မန်စီးတီးရဲ့ ပြည်တွင်းလိဂ် ၁၀ပွဲအပါအဝင် ချန်ပီယံလိဂ် ၂ပွဲကိုလည်း လွဲချော်ခဲ့ပါ တယ်။

“ဒဏ်ရာကတော့ ခက်ပါတယ်၊လက်ရှိမှာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာလည်း လျင်မြန်စွာ မရရှိသေးသလို အသင်းနဲ့ လည်း တစ်ကြိမ်မျှ ပူးပေါင်းထားနိုင်ခြင်း မရှိသေးပါဘူး။တစ်လ နှစ်လလောက်နားပြီးမှပဲ အဆင်သင့်ဖြစ်နိုင်ပါလိမ့် မယ်။”လို့ နည်းပြ ဂွါဒီယိုလာက ပြောခဲ့ပါတယ်။

အဂူရို ဒဏ်ရာရသွားတဲ့အတွက် သူ့နေရာကို ဂါဘရီရယ် ဂျီးဆပ်က အားဖြည့်ကစားခဲ့ပြီး မနှစ်က နောက်ဆုံး ၁၂ ပွဲမှာ ၅ဂိုးထိ သွင်းပေးနိုင်ခဲ့ပါတယ်။

လာမယ့် တနင်္လာနေ့မှာ ကစားမယ့် ဝုလ်နဲ့ပွဲစဥ်အတွက် အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဖာရန်တောရက်စ် ပွဲထွက်ကစားဖို့ ရှိနေပေမယ့်လည်း ဂျီးဆပ်နဲ့ စတားလင်းအတွဲက ပိုမို နားလည်မှုရှိနေသေးလို့ နည်းပြ ဂွါဒီယိုလာ အရဲစွန့်အသုံးပြုမလား မပြုသေးဘူးလားဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က