အသင်းဗဟိုခံစစ်ပိုင်းမှာ လင်ဒီလော့ဖ်တစ်ဦးတည်း ရှိနေတဲ့အနေအထားမှာ မက်ဂွိုင်းယားက အသင်းဟန်ချက်ညီအောင် ကစားပေးနေခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့နောက်ခံလူဟယ်ရီမက်ဂွိုင်းယားဟာ အသင်းရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရချိန်မှာ နည်းပြဆိုးလ်ရှားရဲ့ ဖိအားတွေကို ချေဖျက်ပေးနိုင်ဖို့အတွက် ဒဏ်ရာရှိနေလျက်နဲ့ ပွဲအများအပြားကို ကစားပေးနေခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ ဇန်နဝါရီကာကစကပြီး လက်ရှိအချိန်ထိ ရှုံးပွဲမရှိစံချိန်ကို တင်ထားနိုင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။
ယူနိုက်တက်ဗဟိုခံစစ်ပိုင်းမှာ တွန်ဇီဘီ၊ ဖီးလ်ဂျုံးစ်၊ ဘိုင်ယီတို့ရှိနေခဲ့ပေမယ့်လည်း အဆိုပါကစားသမားတွေက ပုံမှန်ခြေစွမ်းမရှိလို့ မက်ဂွိုင်းယားပါ အနားယူနေခဲ့မယ်ဆိုရင် ဆိုးလ်ရှားအတွက်ကြီးမားတဲ့ အခက်အခဲဖြစ်လာမှာသေချာပါတယ်။ ဒီအတွက်ကြောင့် ကစားသမားကိုယ်တိုင်က ဆေးဝါးတွေထိုးနှံခဲ့ပြီး ဆိုးလ်ရှားဖိအားဝင်နေချိန်မှာ တစ်ဖက်တစ်လမ်းက ကူညီပေးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ဒီရာသီမှာမှ ယူနိုက်တက်ကို နောက်ခံလူတစ်ဦးရဲ့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ မက်ဂွိုင်းယားဟာ အချိန်တိုအတွင်းမှာပဲ အသင်းခေါင်းဆောင်ဖြစ်လာခဲ့သူဖြစ်ပါတယ်။ ဆိုးလ်ရှားလိုအပ်နေချိန်မှာ ပါဝင်ကစားပေးခဲ့ပြီးနောက် လက်ရှိမှာတော့ သူ့ရဲ့စွမ်းဆောင်ရည်က နိမ့်ပါးနေခဲ့ပြီး ဝေဖန်မှုအနည်းငယ်နဲ့လည်း မက်ဂွိုင်းယားက ရင်ဆိုင်နေခဲ့ရပါတယ်။