ဒီညမှာ အာဆင်နယ်နဲ့ ချဲလ်ဆီး ထိပ်တိုက်တွေ့နေတာပါ။

လမ်းပတ်အနေနဲ့ လုဇ်နဲ့အတူ ကစားခဲ့တုန်းက ချန်ပီယံလိဂ်ဆုဖလားကို အတူ ကိုင်မြှောက်နိုင်ခဲ့ပေမယ့် နည်းပြ ဘဝမှာတော့ လုဇ်ကို အာဆင်နယ်အသင်းထံ ချက်ခြင်းရောင်းထုတ်ခဲ့သူပါ။

အသင်းဖော်ဟောင်းတစ်ဦးဖြစ်တဲ့ ဒေးဗစ်လုဇ်ကို ပထမဆုံး ပြိုင်ဖက်အသင်းရဲ့ ကစားသမားအဖြစ် ရင်ဆိုင်ရ တော့မယ့်ချဲလ်ဆီးနည်းပြ လမ်းပတ်က အသင်းက ထွက်သွားချိန်ကတည်းက အမြဲတမ်း အကောင်းဆုံးတွေ ပိုင်ဆိုင်ပါစေလို့ဆုတောင်းပေးခဲ့ပေမယ့် ဒီနေ့တော့ မပါဘူးလို့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောလာတဲ့ အကြောင်း Sportskeeda သတင်းဌာနက ဖော်ပြလာပါတယ်။



ဒေးဗစ်လုဇ်အနေနဲ့ မနှစ်က ချဲလ်ဆီးကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာပြီးတဲ့နောက်ပိုင်း အသင်းဟောင်း ချဲလ်ဆီးကို ပထမဆုံးအကြိမ် ပြန်လည်ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ကစားသမားဘဝက အတူ တွဲ ကစားခဲ့ဖူးပေမယ့် နည်းပြ ဘဝ ဖြစ်လာချိန်မှာတော့ လုဇ်ကို လမ်းပတ်က ပြိုင်ဖက် အသင်းထံ ရောင်းချခဲ့တာပါ။

“ ကျွန်တော်သူ့ကို လေးစားပြီးသားပါ၊အခုချိန်မှာတော့ ပုဂ္ဂိုလ်ရေးအကြောင်းတွေက သိပ်အရေးမပါဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် သူအသင်းပြောင်းကတည်းက အကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်၊ သူက အသင်းချန်ပီယံလိဂ်ဆုဖလားရတုန်းက အရေးပါတဲ့ အစိတ်အပိုင်းဖြစ်ခဲ့သူပါ။အဲ့ဒီတုန်းက မှတ်မှတ်ရရသူ ဒဏ်ရာ ရနေလျက်နဲ့ ကစားခဲ့တာပါ။ဒါကြောင့် သူ့ကို ကျွန်တော် လေးစားရပါတယ်။အမြဲတမ်းအကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်းပေးခဲ့ပေမယ့် ဒီနေ့တော့ မပါနိုင်ကောင်းပါဘူး။”လို့ လမ်းပတ်က ပြောလိုက်တာပါ။

အကြောင်းကတော့ အာဆင်နယ်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ဟာ အာဆင်နယ်အသင်းရဲ့အိမ်ကွင်း အီးမရိတ်မှာ မြန်မာစံတော်ချိန် ည ၈ နာရီခွဲမှာ ဘောက်ဆင်ဒေးပွဲအဖြစ် ရင်ဆိုင်တွေ့နေလို့ပါ။

Share

Loading Next Article...
က္က