ထိပ်သီးအသင်းအများစု ပါဝင်နေတယ်လို့ သိရပါတယ်။

ဒီရာသီကိုဖျက်သိမ်းမယ်ဆိုပါက ပြိုင်ပွဲဝင်အသင်းပေါင်း ၂ဝထဲကမှ အသင်း ၁၄သင်းရဲ့ ထောက်ခံမှုကို ရရှိဖို့ လိုအပ်မှာလည်းဖြစ်ကာ လက်ရှိအချိန်ထိတော့ အဆိုပါအရေအတွက်မရှိသေးပေမယ့် မူလကထက်တော့ တိုးပွားလာနေတာဖြစ်ပါတယ်။ 


ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲကို ပယ်ဖျက်ဖို့အတွက် ဆန္ဒရှိတဲ့ အသင်းအရေအတွက်ဟာ ပိုမိုတိုးပွားလာခဲ့ပြီလို့ Daily Mail က ဖော်ပြသွားခဲ့ပါတယ်။ လက်ရှိမှာ အင်္ဂလန်ပြည်တွင်းဘောလုံးပွဲအားလုံးကို ဧပြီလ ၃၀ ရက်နေ့အထိရွှေ့ဆိုင်းထားပြီး လက်ကျန်ဘောလုံးပွဲစဉ်တွေကို ဘယ်အချိန်မှာ ပြန်လည်ကစားသွားမလဲဆိုတာကလည်း မရေမရာဖြစ်နေပါတယ်။ 



အခုအခါမှာတော့ ပရီးမီယားလိဂ်ကလပ်တွေရဲ့ အကြီးအကဲတွေက အားကစားပွဲတွေပြန်လည်ကျင်းပဖို့အတွက် မဖြစ်နို်င်ဘူးလို့ ယုံကြည်နေကြောင်း The Athletic သတင်းဌာနကလည်း ဖော်ပြခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း တိကျသေချာတဲ့ ဆုံးဖြတ်ချက်ကိုတော့ မရရှိခဲ့ပါဘူး။ 

လက်ရှိမှာ အမှတ်ပေးဇယားကို လီဗာပူးလ်က ဦးဆောင်နေပြီး နောက်ထပ်နှစ်ပွဲအနိုင်ရရှိရုံနဲ့ အမှတ်ပေးဖလားကို ဆွတ်ခူးနိုူင်တော့မှာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရာသီကိုဖျက်သိမ်းမယ်ဆိုပါက ပြိုင်ပွဲဝင်အသင်းပေါင်း ၂ဝထဲကမှ အသင်း ၁၄သင်းရဲ့ ထောက်ခံမှုကို ရရှိဖို့ လိုအပ်မှာလည်းဖြစ်ကာ လက်ရှိအချိန်ထိတော့ အဆိုပါအရေအတွက်မရှိသေးပေမယ့် မူလကထက်တော့ တိုးပွားလာနေတာဖြစ်ပါတယ်။ 

ထိပ်သီးအသင်းတစ်သင်းရဲ့ တာဝန်ရှိသူတစ်ဦးကတော့ "ဘာဆက်လုပ်ရမလဲဆိုတာက လုံးဝရှင်းပါတယ်၊ ဒါက ကမ္ဘာတစ်ခုလုံးမှာ ပျံ့နှံ့နေတဲ့ ကပ်ရောဂါတစ်ခုပါ၊ တကယ်လို့ ရာသီသစ်ပြန်စမယ်ဆိုရင် အထိနာတဲ့သူအနည်းငယ်တော့ရှိပါလိမ့်မယ်၊ လီဗာပူးလ်ပေါ့၊ ဒါကိုကျွန်တော်သိပါတယ်၊ ဒါပေမယ့်လည်း ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဒါက ဘာမှအရေးမကြီးပါဘူး၊ ကျွန်တော်တို့ နောက်တစ်ကြိမ်ပြန်စလို့ရပါတယ်" လို့ ဆိုခဲ့ပါတယ်။ 

လာမယ့်ဧပြီလ ၃ ရက်နေ့မှာတော့ ပရီးမီးယားလိဂ်ရှယ်ယာရှင်များရဲ့ အစည်းအဝေးကို ထပ်မံပြုလုပ်သွားဖို့ရှိနေပါတယ်။ အဆိုပါအစည်းအဝေးမှာတော့ ပရီးမီးယားလိဂ်ကို ဘယ်အချိန်ပြန်စတင်မလဲဆိုတာကို ကြေညာသွားမယ်လို့ မျှော်လင့်ရကြောင်းလည်း သိရပါတယ်။ ပရီးမီးယားလိဂ်ပွဲတွေကိုတော့ မတ်လ ၉ ရက်နေ့က ကစားခဲ့တဲ့ လက်စတာ ၄-၀ ဗီလာပွဲစဉ်နောက်ပိုင်း လုံးဝမကစားနိုင်ခဲ့တော့လည်းဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ဖျက်သိမ်းခဲ့ရတဲ့ ပွဲစဉ်ကတော့ မန်စီးတီးနဲ့ အာဆင်နယ်တို့ပွဲစဉ်ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က