ရှက်ဖီးနဲ့အက်ဖ်အေပွဲလည်း မပါနိုင်ခဲ့ပါဘူး။
Kyaw Ko Ko Sint

မန်ချက်စတာဒါဘီပွဲကိုတော့ လာမယ့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည၁၁ မှာယှဥ်ပြိုင်ကစားစေမှာပါ။

နောက်ကျောဒဏ်ရာရရှိထားလို့ အသင်းရဲ့ အဓိက ကစားသမား ကီဗင် ဒီဘရိုင်းကို မန်ချက်စတာဒါဘီပွဲမှာ မန်စီးတီးအသင်း လက်လွှတ်ရဖို့ ရှိနေတယ်လို့ Daily Mail သတင်းဌာနကဖော်ပြလာပါတယ်။



ဒီ နောက်ကျောဒဏ်ရာကြောင့်ပဲ ဒီဘရိုင်းဟာ ဒီကနေ့မနက်ပိုင်းက ကစားခဲ့တဲ့ ရှက်ဖီးဝင်းနက်စဒေးနဲ့ပွဲမှာ လည်း မပါဝင်ခဲ့ပါဘူး။

“ သူကြံ့ခိုင်မှု မပြည့်ပဲ ဖြစ်နေပါတယ်။သူ့ရဲ့ ကျောကုန်းက အခြေအနေမကောင်းပဲ ရှိနေတာပါ၊ဘယ်လောက်ကြာ မလဲတော့ မသိပါဘူး။”လို့ ဂွါဒီယိုလာက ရှက်ဖီးနဲ့ ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။



ဒီဘရိုင်းမပါပဲ အိုးထရက်ဖို့ဒ်မှာရင်ဆိုရ်မယ့် မန်ချက်စတာဒါဘီနဲ့ပတ်သက်ပြီးတော့လည်း -“ အခုချိန်မှာ ကျွန်တော် မပြောနိုင် သေးပါဘူး”လို့ပဲ ပတ်ပ်က ဆက်လက်ပြောခဲ့ပါတယ်။

မန်စီးတီးက ရှက်ဖီးဝင်းနက်စဒေးကို ၁-၀ နဲ့အနိုင်ရပြီးအက်ဖ်အေဖလားကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်း သွားခဲ့ပြီ ဖြစ်ပါတယ်။

မန်စီးတီးက ဒီရာသီလိဂ်မှာ လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ ခက်ခဲသွားခဲ့ပြီ ဖြစ်ပေမယ့် အဆင့် ၂ နေရာ တိုက်ပွဲ အတွက်တော့ လာမယ့် မန်ချက်စတာ ဒါဘီကအမှတ်ရဖို့ လိုနေတာပါ။

ဂုဏ်သိက္ခာတိုက်ပွဲလို့ တင်စားကြတဲ့ ဒီလို ဒါဘီပွဲမျိုးမှာ အဓိက ကစားသမားတစ်ဦးမပါပဲ ကစားရတာ အင်မတန် အားနည်းစေပါတယ်။

ဒီဘရိုင်းကတော့ ဒီရာသီ မန်စီးတီးအတွက် ၃၅ပွဲပါဝင်ထားပြီး ၉ဂိုးအထိ သွင်းယူပေးထားနိုင်တဲ့ အဓိက တောင်ပံ တိုက်စစ် ကစားသမားတစ်ဦးဖြစ်ပါတယ်။

မန်ချက်စတာ ဒါဘီပွဲကိုတော့ လာမယ့် တနင်္ဂနွေနေ့ည မြန်မာစံတော်ချိန် ၁၁ နာရီမှာ ယှဥ်ပြိုင်ကစားသွားမှာ ဖြစ်ပြီး ဒီဘရိုင်းအနေနဲ့ အချိန်မီ ပြန်ကောင်းလာနိုင်မလားဆိုတာကတော့ စောင့်ကြည့်သွားရအုံးမှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က