ဒီည ၁၀ နာရီမှာ ကစားရမှာဖြစ်ပါတယ်။
Kyaw Ko Ko Sint

လာမယ့်နှစ် ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာအတွက် ဒီပွဲက နှစ်သင်းကြား အရေးကြီးနေတာကြောင့် ဗိုလ်လုပွဲလို အရေးပါတဲ့ပွဲလို့ ပက်ထရိုက ညွှန်းဆိုလိုက်ခြင်း ဖြစ်ပါတယ်။

ဒီညမှာ ကစားမယ့် မန်ယူနဲ့ချဲလ်ဆီးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်က နှစ်သင်းစလုံးအတွက် ဗိုလ်လုပွဲတစ်ပွဲ ကစားရသလို အရေးကြီးတယ်လို့ ချဲလ်ဆီးတိုက်စစ်မှူး ပက်ထရိုက ပြောလာတဲ့အကြောင်း Daily Mail က ဖော်ပြလာပါတယ်။ ချဲလ်ဆီးအသင်းက လက်ရှိရမှတ် ၆၇ မှတ်နဲ့ အဆင့် ၄မှာရှိနေပြီး မန်ယူကတော့ ၆၄ မှတ်နဲ့ အဆင့် ၆ မှာရပ် တည်နေတာပါ။

ကြားထဲက အဆင့် ၅ မှာတော့ အာဆင်နယ်အသင်းက ၆၆ မှတ်နဲ့ ရပ်တည်နေတာ ဖြစ်လို့ ဒီ ၃သင်းကြား ချန်ပီ ယံလိဂ် ဝင်ခွင့်တစ်နေရာတိုက်ပွဲက အခုတွေ့ဆုံနေတဲ့ ချဲလ်ဆီး - မန်ယူ ပွဲမှာ အဖြေတစ်ခု ထွက်ပေါ်လာနိုင် တာလည်း ဖြစ်ပါတယ်။ “ ကျွန်တော်တို့အတွက် ဗိုလ်လုပွဲပါပဲ၊ အဆင့် ၄ အတွက် ဒီပွဲက အရမ်း အရေးကြီးပါတယ်၊ မန်ယူကို နိုင်ဖို့ခက်တာ သိပေမယ့် အနိုင်ရဖို့ လိုပါတယ်။” လို့ ပက်ထရိုက sky sports သတင်းဌာနကို ပြောသွားတာပါ။

မန်ယူက အသင်းကောင်းဆိုပေမယ့် လက်ရှိမှာ ပုံစံကောင်းမရပဲ ဖြစ်နေတာကြောင့် အနိုင်ရဖို့ အခွင့်အရေးရှိ တယ်လို့လည်း ပက်ထရိုက ပြောသွားပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးအသင်းရဲ့ ဒီရာသီအသင်းကြီးတွေနဲ့ တွေ့ဆုံထားတဲ့ အဝေးကွင်း ၆ ပွဲမှာ ၄ ပွဲအထိ ရှုံး ထားသလို ပေးဂိုးကလည်း ၁၃ ဂိုးအထိရှိပြီး ရဂိုးကတော့ ၁ ဂိုးသာရှိထားလို့ ချဲလ်ဆီးအနေနဲ့ အသင်းကြီးတွေနဲ့ တွေ့ဆုံထားတဲ့အဝေးကွင်းရလဒ်က အားရစရာမရှိပါဘူး။

ဒါ့အပြင် နည်းပြ ဆာရီရဲ့ဒီနောက်ပိုင်း အားထားရတဲ့ လူငယ် ကစားသမား ကာလန်ဟတ်ဆန်အိုဒွိုင်းကလည်း ပြီးခဲ့တဲ့ ဘန်လေနဲ့ပွဲမှာ ဒဏ်ရာရသွားလို့ဒီပွဲမှာ လက်လွှတ်ထားရပြီဖြစ်ပါတယ်။ မန်ယူအသင်းကလည်း ပြီးခဲ့တဲ့ ကြားရက်က မြို့ခံပြိုင်ဖက် မန်စီးတီးအသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဝ-၂ နဲ့ ရှုံးထားလို့ နောက်ဆုံး ပြိုင်ပွဲစုံ ၉ ပွဲမှာ ၇ပွဲအထိ အရေးနိမ့်ထားတဲ့အသင်းဖြစ်ပါတယ်။ မန်ယူနဲ့ချဲလ်ဆီးတို့ရဲ့ ပွဲကိုတော့ ဒီကနေ့ည မြန်မာစံတော်ချိန် ၁၀ နာရိတိတိမှာ မန်ယူအသင်းရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ကစားမှာဖြစ်ပါတယ်။


Author


က္က