မနေ့ညကမှ ဆုံးဖြတ်လိုက်တာပါ။

ဖီဖာ၊ အက်ဖ်အေ၊ ပရီးမီးယားလိဂ်နဲ့ ဒီပြစ်ဒဏ်ချမှတ်ခဲ့လို့ သက်ရောက်မှုကြီးမားခဲ့တဲ့ သက်ဆိုင်ရာလိဂ်တွေ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကာ ပြသနာကို ပြေလည်အောင်ဖြေရှင်းခဲ့ကြပြီး ကစားသမားတွေကို ကစားခွင့် ပြန်လည်ခွင့်ပြုခဲ့ပါတယ်။


သောကြာနေ့ညပိုင်းမှာတော့ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်ကို ဘရာဇီးလ်ကစားသမားတွေ ကစားခွင့်ရရှိမယ်လို့ ဖီဖာက ဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။ နိုင်ငံတကာပွဲစဉ်တွေအတွက် ကစားပေးရမယ့်အချိန်မှာ အနီရောင်အဆင့်အဖြစ်သတ်မှတ်ထားတဲ့ နိုင်ငံတွေကို ကစားသမားတွေသွားရောက်ကစားမယ့်အရေးကနေ ကာကွယ်ဖို့ ပရီးမီးယားလိဂ်ကလပ်တွေက လုပ်ဆောင်ခဲ့ကြပါတယ်။ 

ဒီအတွက်ကြောင့် ဘရာဇီးလ်ကစားသမားတွေဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲကို သွားရောက်ကစားပေးရခြင်းမရှိခဲ့ဘဲ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ကို ဒေါသထွက်စေခဲ့ပါတယ်။ အာဂျင်တီးနားနဲ့ကစားခဲ့တဲ့ပွဲမှာ ကိုဗစ်စည်းကမ်းဖောက်ဖျက်တဲ့ ကစားသမား ၄ ဦးကို ဖမ်းဆီးဖို့ ဘရာဇီးလ်ကျန်းမာရေးအာဏာပိုင်တွေက ကြိုးစားခဲ့ရာကနေ ပွဲပျက်ခဲ့ရပြီးနောက် ဘရာဇီးလ်အဖွဲ့ချုပ်က သူတို့ကစားသမားတွေကို ငါးရက်တာပွဲပယ်ဖို့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ 

ဒီအတွက်ကြောင့် အစောပိုင်းမှာ ဘရာဇီးလ်ကစားသမားတွေ ပါဝင်ကစားပေးနိုင်မှာမဟုတ်ဘူးလို့ သတင်းတွေထွက်ခဲ့ပါတယ်။ သောကြာနေ့မှာတော့ ဖီဖာ၊ အက်ဖ်အေ၊ ပရီးမီးယားလိဂ်နဲ့ ဒီပြစ်ဒဏ်ချမှတ်ခဲ့လို့ သက်ရောက်မှုကြီးမားခဲ့တဲ့ သက်ဆိုင်ရာလိဂ်တွေ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကာ ပြသနာကို ပြေလည်အောင်ဖြေရှင်းခဲ့ကြပြီး ကစားသမားတွေကို ကစားခွင့် ပြန်လည်ခွင့်ပြုခဲ့ပါတယ်။

ဒါကြောင့် လီဗာပူးလ်ဟာ အယ်လစ်ဆန်၊ ဖာမီနို၊ ဖာဘင်ဟိုတို့ကို ထည့်သွင်းကစားခွင့်ရပြီဖြစ်သလို ယူနိုက်တက်ကလည်း ဖရက်ဒ်ကို အသုံးပြုခွင့်ရမှာဖြစ်ပါတယ်။ ချယ်လ်ဆီးက သီယာဂိုဆေးလ်ဗား၊ လိဒ်က ရာဖင်ဟာ၊ မန်စီးတီးက ဂျီးဆပ်တို့လည်း ကစားခွင့်ရခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ကတော့ သူတို့အသင်းရဲ့ လူစာရင်းမှာ ဖရက်ဒ်ကို ချန်လှပ်ထားခဲ့တယ်လို့ သိရပါတယ်။ 



က္က