ရယူနိုင်ဖို့ လိုအပ်တယ်လို့လည်း သတိပေးထားပါတယ်။

လက်ရှိမှာတော့ အသင်းအတွက် တစ်ပွဲမှကစားရသေးပေမယ့် ရော်နယ်ဒိုရဲ့ဂျာစီဟာ စတင်ရောင်းချတဲ့ ပထမဆုံး ၁၂ နာရီအတွင်းမှာတင် ပေါင် ၃၂.၅ သန်းဖိုးအထိ ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပွဲထွက်ကစားခြင်းမရှိသေးပေမယ့် ရော်နယ်ဒိုဟာ အသင်းဖော်တွေနဲ့ အဆက်အသွယ်မပြတ်ရှိနေတယ်လို့ သိရပြီး ဒီရာသီပရီးမီးယားလိဂ်ဖလားကို သူ ရယူချင်တယ်လို့ ပြောဆိုထားကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာတော့ ရော်နယ်ဒိုဟာ မန်ချက်စတာကို ရောက်ရှိနေပြီး မိသားစုနဲ့အတူ ကွာရန်တင်းဝင်နေတာဖြစ်ပါတယ်။ 

အသက် ၃၆ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ ယူနိုက်တက်ကို ၁၂ နှစ်အကြာမှာ ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး သူ့အတွက် ပေါင် ၁၉.၈ သန်းအထိ ယူနိုက်တက်က ပေးချေခဲ့ရပါတယ်။ နိုင်ငံတကာပွဲစဉ်အဖြစ် အသင်းအတွက် တစ်ပွဲကစားပေးပြီးနောက် ရော်နယ်ဒိုဟာ ပွဲပယ်ခံရခဲ့ပြီး ယူနိုက်တက်နဲ့ စောစောစီးစီးပူးပေါင်းနိုင်ခဲ့ကာ လာမယ့် စက်တင်ဘလာ ၁၁ ရက်နေ့ကစားမယ့် နယူးကာဆယ်နဲ့ပွဲကို ပါဝင်ဖွယ်ရှိနေပါတယ်။ 

ရော်နယ်ဒိုကို အသင်းဖော်ဟောင်းဒါရင်းဖလက်ချာက သွားရောက်ကြိုဆိုခဲ့တယ်လို့လည်း သိရပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုဟာ ဘရူနိုဖာနန်ဒက်စ်နဲ့ နေ့တိုင်းလိုလို စကားပြောဆိုမှုရှိခဲ့ပြီး အမှတ်ပေးဖလားရယူဖို့အတွက် ပြောဆိုခဲ့တယ်လို့ဆိုပါတယ်။ 

"အခုဆိုရင် ယူနိုက်တက်ကစားသမားတွေနဲ့ နည်းပြတွေက သူတို့အသင်းကို ပရီးမီးယားလိဂ်မှာ လူစာရင်းအကောင်းဆုံးဖြစ်လာပြီလို့ ယုံကြည်နေကြပါတယ်၊ ပြီးတော့ ဒီရာသီအမှတ်ပေးဖလားကို ရယူနိုင်မယ်လို့လည်း သူတို့မျှော်လင့်နေပါတယ်" လို့ ယူနို်က်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုက ပြောဆိုခဲ့ကြောင်း သိရပါတယ်။ 


"ရော်နယ်ဒိုကလည်း ဖာနန်ဒက်စ်နဲ့ စကားပြောဆိုခဲ့ပြီး အခြားကစားသမားတွေကိုလည်း ဒီရာသီမှာ အသင်းက အမှတ်ပေးဖလားရယူနိုင်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်၊ ကစားသမားတွေကလည်း ရော်နယ်ဒို အသင်းနဲ့လက်မှတ်ထိုးပြီးကတည်းက သူ့အကြောင်းပဲပြောနေကြပါတယ်၊ ရော်နယ်ဒိုနဲ့ တွဲကစားဖို့လည်း သူတို့မစောင့်နိုင်တော့ဘူးဖြစ်နေပြီ" လို့ အဆိုပါသတင်းရင်းမြစ်က ထပ်မံပြောဆိုခဲ့ပါတယ်။
 

လက်ရှိမှာတော့ အသင်းအတွက် တစ်ပွဲမှကစားရသေးပေမယ့် ရော်နယ်ဒိုရဲ့ဂျာစီဟာ စတင်ရောင်းချတဲ့ ပထမဆုံး ၁၂ နာရီအတွင်းမှာတင် ပေါင် ၃၂.၅ သန်းဖိုးအထိ ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ နယူးကာဆယ်နဲ့ပွဲအတွက် လက်မှတ်တွေလည်း ကုန်စင်အောင်ရောင်းချခဲ့ရပြီး ယူနိုက်တက်အတွက်ကြီးမားတဲ့ အကျိုးအမြတ်တွေကို စတင်ရရှိနေတာဖြစ်ပါတယ်။ 



က္က