လူစာရင်းပိုင်းနဲ့ လက်ရှိခြေစွမ်းပိုင်းကြောင့်ဖြစ်ပါတယ်။

ချယ်လ်ဆီးရဲ့ ခြေစွမ်းပြနေမှုနဲ့ ကစားသမားအင်အားအပေါ်ကိုတော့ ဆိုးလ်ရှားက ကြောက်ရွံ့နေကာ အမှတ်ပေးဖလားအတွက် အခြိမ်းခြောက်နိုင်ဆုံးအသင်းဖြစ်တယ်လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြဆိုးလ်ရှားဟာ ဒီရာသီမှာ ချယ်လ်ဆီးကို ထိတ်လန့်စရာအကောင်းဆုံးအသင်းအဖြစ် ယူဆထားတယ်လို့ The Sun က ဖော်ပြလိုက်ပါတယ်။ လူကာကူကို ခေါ်ယူနိုင်ခဲ့ပြီးနောက်မှာ ချယ်လ်ဆီးအသင်းလူစာရင်းက ပိုမိုတောင့်တင်းသွားခဲ့ပြီး လက်ရှိမှာလည်း ခြေစွမ်းပြကစားနေကာ ၃ ပွဲကစားအပြီး ရှုံးပွဲမရှိသေးတာဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ဆိုးလ်ရှားက သူ့အသင်းလူစာရင်းကို ၁၉၉၉ ခုနှစ် ချန်ပီယံလိဂ်ဖလားရအသင်းထက် ပိုမိုကောင်းမွန်တယ်လို့ ယုံကြည်နေကြောင်းလည်း ဆိုပါတယ်။ ဒါပေမယ့်လည်း ချယ်လ်ဆီးရဲ့ ခြေစွမ်းပြနေမှုနဲ့ ကစားသမားအင်အားအပေါ်ကိုတော့ ဆိုးလ်ရှားက ကြောက်ရွံ့နေကာ အမှတ်ပေးဖလားအတွက် အခြိမ်းခြောက်နိုင်ဆုံးအသင်းဖြစ်တယ်လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

မန်စီးတီး နဲ့ လီဗာပူးလ်တို့ကိုတော့ ဆိုးလ်ရှားက လျှော့တွက်ထားဟန်ရှိနေပါတယ်။ မန်စီးတီးဟာ ဂရီလစ်ရှ်ကို ပေါင်သန်း ၁ဝဝအထိ ပေးချေကာ ခေါ်ယူခဲ့ပြီး လီဗာပူးလ်ကတော့ ထင်ရှားတဲ့အပြောင်းအရွှေ့မျိုး မပြုလုပ်ခဲ့တဲ့အသင်းဖြစ်ပါတယ်။ ဆိုးလ်ရှားက သူ့အသင်းအပေါ် ယုံကြည်မှုအပြည့်အဝရှိနေပြီး အမှတ်ပေးဖလားကို ရယူနိုင်ဖို့ အခွင့်အရေးကောင်းနေတယ်လို့ ထင်မြင်နေပါတယ်။ 


ဆန်ချို၊ ဗာရာနီ၊ ရော်နယ်ဒိုတို့ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ယူနိုက်တက်အသင်းလူစာရင်းက ပရိသတ်တွေကိုပါ အားတက်စေခဲ့ပါတယ်။ အထူးသဖြင့် ရော်နယ်ဒိုပြန်ရောက်လာပြီး ရာသီအစ ၃ ပွဲမှာလည်း ၇ မှတ်အထိ ရရှိထားတာက ပိုပြီးမျှော်လင့်ချင်စရာကောင်းနေပါတယ်။ ယူနိုက်တက်ဟာ အမှတ်ပေးဖလားကို ၂၀၁၃ ကစပြီး မရယူနိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာဆိုရင် ၈ နှစ်အထိ ရှိနေပြီဖြစ်ပါတယ်။ 



က္က