နှစ်ပတ်ပေးထားတာပါ။

ဒီဆုံးဖြတ်ချက်ကို ၂၀၁၈ ခုနှစ်ကတည်းက ဆုံးဖြတ်ထားခဲ့ကြတာ ဖြစ်ပြီး အားလပ်ရက် အများဆုံး ရတဲ့ အသင်းတွေကတော့ ချဲလ်ဆီးနဲ့ ယူနိုက်တက် ဖြစ်ပါတယ်။

ဒီနှစ်ဘောလုံးရာသီကစပြီး ပရီးမီးယးလိဂ်မှာ ဆောင်းရာသီ အာားလပ်ရက် ၂ ပတ်ပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။



ဒီသဘောတူညီမှုကိုတော့ ၂၀၁၈ ခုနှစ်ဇွန်လကတည်းက အင်္ဂလန် အက်ဖ်အေ၊ပရီးမီးယားလိဂ်နဲ့ အင်္ဂလိပ် ဘောလုံးလိဂ်တို့အကြားမှာ သဘောတူညီမှု ရယူထားကြတာလို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။

ခရစ္စမတ်ကာလ အားလပ်ရက်ကို အခြားသော ဥရောပထိပ်တန်းလိဂ်တွေ နားရက်ရပေမယ့် ပရီးမီးယားလိဂ်က တော့ နားရက်မရပဲ အဲ့ဒီကာလမှာ Boxing-Day ပွဲတွေအဖြစ် ကစားရတာကိုက ပရီးမီးယားလိဂ်ကို ကမ္ဘာမှာ လူပိုစိတ်ဝင်စားစေတာပါ။

အခုလို ဆောင်းရာသီ အားလပ်ရက်၂ ပတ်ပေးလိုက်ချိန်မှာတော့ ပရိသတ်တွေအနေနဲ့ အဲ့ဒီ ၂ ပတ်အတွင်းမှာ လိဂ် ပွဲတွေ မကြည့်ရတော့ဘူးလို့တော့ မစိုးရိမ်လိုက်ပါနဲ့။ပရီးမီးယားလိဂ်ပွဲကို စီစဥ်သူတွေက ဒီလို ဘောလုံးပွဲ မရှိမှာကို ကြိုပြင်ဆင်မှု ပြုလုပ်ခဲ့ကြပြီးသားပါ။

နှစ်ပတ်ဆိုပေမယ့် နှစ်ပတ်စလုံးကို အပြည့်နားကြရမှာ မဟုတ်ပဲ ပထမနားတဲ့အပတ်မှာ ၈ သင်း ကစားကြမှာ ဖြစ်ပြီး နောက်တစ်ပတ်မှာတော့ ၁၂ သင်း ထပ်မံ ကစားကြမှာပါ။

နားရက်တွေကတော့ ဖေဖော်ဝါရီ ၈-၉ နဲ့ ၁၄-၁၇ တို့ဖြစ်ပြီး ဒီကာလတွေထဲမှာတော့ ကစားသမားတွေ အနားယူနေကြတဲ့ ပုံတွေ၊ဇိမ်ခံဟိုတယ်တွေမှာ ပျော်ပါနေမယ့်ပုံတွေကို အများဆုံးမြင်ရဖို့သာ ပြင်ထားကြပါလို့ ပြောချင်ပါတယ်။

အခြားသောလိဂ်တွေဖြစ်တဲ့ လာလီဂါ၊စီးရီးအေ၊ဘွန်ဒက်လီဂါ၊လီဂူးဝမ်းနဲ့စကော့တလန်ပရီးမီးယားရှစ်တို့မှာတော့ ဆောင်းရာသီ အားလပ်ရက်က အရင်ကတည်းက ရှိနှင့်ပြီးသားပါ။

ဘယ်သူတွေ ဘယ်အချိန် ကစားကြမှာလဲ?

----------------------------

ဒီအဖြေက အားလုံးအတွက် အရေးကြီးတဲ့ အရာပါ၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ အဲဗာတန်-ပဲလေ့စ်၊ဘရိုက်တန်-ဝက်ဖို့ဒ်၊ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ရှက်ဖီး-ဘုန်းမောက်၊မန်စီးတီး-ဝက်စ်ဟမ်းတို့ ကစားကြမှာပါ။

ဖေဖော်ဝါရီ ၁၄မှာတော့ ဝုလ်-လက်စတာ၊၁၅ရက်နေ့မှာ ဆောက်သမ်တန်-ဘန်လေ၊နောဝှစ်-လီဗာပူး၊၁၆ရက်နေ့ မှာ အက်စတန်ဗီလာ-စပါး၊အာဆင်နယ်-နယူးကာဆယ်နဲ့ ၁၇ ရက်နေ့မှာ ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့ ကစားကြမှာ ပါ။

ဘယ်အသင်းတွေ နားရက်ပိုရကြလဲ?

----------------------

အက်ဖ်အေဖလား ပြန်ကန်ပွဲတွေ ကစားရတဲ့အသင်းတွေကတော့ နားရက်တိုကြမှာ ဖြစ်ပြီး ပထမအပတ်အစမှာ ကစားရတဲ့ အသင်းတွေကတော့ ၂ ပတ်ကို ပြည့်ပြည့်ဝဝ နားရက်ရကြမှာပဲ ဖြစ်ပါတယ်။ ကစားပြီးတာနဲ့ တောက်လျှောက်နားရမှာ ဖြစ်ပြီး ဒုတိယအပတ်မှာ ကစားရမယ့် အသင်းတွေကတော့ ပြင်ဆင်မှု အပိုင်းတွေရှိလို့ သေချာ နားရမယ်လို့ တွက်လို့မရပါဘူး။

နားရက်အများဆုံး ရမယ့် အသင်းတွေကတော့ ချဲလ်ဆီးနဲ့ယူနိုက်တက်တို့က ၁၆ ရက်စီနဲ့ အများဆုံး ရထားပါ တယ်။ ဗီလာ၊အဲဗာတန်၊နယူးကာဆယ်၊ဝက်ဖို့ဒ်နဲ့ ဝက်စ်ဟမ်းတို့ကတော့ ၁၅ရက်စီရထားပါတယ်။

အာဆင်နယ်၊ဘရိုက်တန်၊ပဲလေ့စ်၊လီဗာပူး၊နောဝှစ်၊ဆောက်သမ်တန်နဲ့စပါးတို့ကတော့ ၁၄ ရက်စီ ရကြပြီး ကျန်အသင်းတွေကတော့ ၁၃ ရက်စီ ရကြမှာပါ။


ဆက်စပ်အကြောင်းအရာများ



က္က