မနှစ်က ပထမဆုံး နားရက်ပေးပြီးနောက် ဒီနှစ်မှာ ပြန်လည်ပယ်ဖျက်လိုက်ရတာပါ။

ကိုဗစ်ကြောင့် ဘောလုံးရာသီ ပြန်စတင်ချိန် နောက်ကျတဲ့အတွက် မနှစ်က စတင်ခွင့်ပြုခဲ့တဲ့ ဆောင်းရာသီ အားလပ်ရက်(winter break)ကို ပြန်လည်ပယ်ဖျက်လိုက်တာပါ။

၂၀၂၀-၂၁ ဘောလုံးရာသီအတွက် ဆောင်းရာသီ အားလပ်ရက်ကို ကိုဗစ်ကြောင့် ပြိုင်ပွဲတွေ ပြန်စရတာ နောက်ကျ တဲ့အတွက် ဖျက်သိမ်းလိုက်ပြီလို့ ပရီးမီးယားလိဂ်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။



ဒါကြောင့် လာမယ့် ဘောလုံးရာသီဟာ မနှစ်က ဘောလုံးရာသီထက် ၅ပတ်လောက် ပိုမိုတိုသွားမှာလည်း ဖြစ်ပါ တယ်။

မနှစ်ကဆိုရင် ဆောင်းရာသီအားလပ်ရက် ရှိတဲ့အတွက် ပရီးမီးယားလိဂ် ကလပ်တွေဟာ ဖေဖော်ဝါရီလထဲမှာ တစ်သင်းလျှင် တစ်ပတ်နားတစ်ပတ်ကစားပုံစံမျိုးနဲ့ ၁၀သင်းနား ၁၀သင်း ကစားပုံစံမျိုးရှိခဲ့တာပါ။

ဆောင်းရာသီ အားလပ်ရက်ကို ပရီးမီးယားလိဂ်က မနှစ်ကမှ စတင်ကျင့်သုံးပေးခဲ့တာ ဖြစ်ပြီး ထိုစဥ်က ကလပ် အသင်းနဲ့ နိုင်ငံအတွက် များစွာ အကျိုးဖြစ်စေတယ်လို့ FAက ဆိုထားပါသေးတယ်။

ယူရို ၂၀၂၀မတိုင်ခင်မှာ အင်္ဂလန်အသင်းအတွက် ကစားသမားတွေ နားရက်ရအောင် အက်ဖ်အေက စီစဥ်ပေးခဲ့ ပေမယ့်လည်း ကံမကောင်းစွာဖြင့် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားလာပြီး ယူရို ၂၀၂၀ပြိုင်ပွဲကို ၂၀၂၁ခုနှစ်ကို ရွှေ့လိုက်ရ ပါတယ်။

လာမယ့်အပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဥ်ဇယားအသစ်ကို ထုတ်ပြန်မှာဖြစ်ပြီး မန်ချက်စတာ နှစ်သင်းရဲ့ ပွဲစဥ် တွေကတော့ အနည်းငယ် နောက်ကျဖို့ရှိနေတယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။

မန်ချက်စတာ နှစ်သင်းကတော့ ဒီနှစ်မှာ သက်ဆိုင်ရာ ဥရောပ ပြိုင်ပွဲများ၌ ဆက်လက်ကစားနေကြသေးလို့ ဖြစ်ပါ တယ်။

ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံက လီဗာပူးဖြစ်ပြီး အက်ဖ်အေဖလားချန်ပီယံက အာဆင်နယ်နဲ့လိဂ်ဖလား ကို မန်စီးတီးတို့ကအသီးသီးဆွတ်ခူးထားပါတယ်။

ဒါကြောင့် ရာသီအစ ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲကိုမူ လီဗာပူးအသင်းနဲ့ အာဆင်နယ်အသင်းတို့ ယှဥ်ပြိုင်ရပါမယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က