လီဗာပူးကို ၁-၀ နဲ့ ရှုံးခဲ့တဲ့ပွဲမှာပါ။

ရော်ဘင်ဆင်ရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုအပေါ် VAR မကြည့်ပဲ ဆုံးဖြတ်ကာ အဝါကဒ်ပင် မပြသခဲ့တဲ့ ဒိုင်လူ ကြီး အဒ်ကင်ဆန်ရဲ့ လုပ်ရပ်အပေါ် ဝေဖန်ပြစ်တင်ခဲ့တာပါ။

ပွဲချိန် ၆၅ မိနစ်မှာ လီဗာပူး ဘယ်နောက်ခံလူ ရော်ဘင်ဆင်ရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုအပေါ် VAR စနစ် ပြန်မကြည့်ပဲ ဆုံးဖြတ်ခဲ့တဲ့အတွက် ဒိုင်အဖွဲကို စပါးနည်းပြ မော်ရင်ဟိုက ပြစ်တင်ပြောဆိုခဲ့တယ်လို့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။



စပါး ကစားသမား တန်ဂန်ဂါကို ရော်ဘင်ဆင် ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့တာ သိသာခဲ့ပေမယ့်လည်း ကွင်း လယ်ဒိုင်ကတော့ သမာရိုးကျပဲ ဆုံးဖြတ်ပေးခဲ့တာပါ။



ရော်ဘင်ဆင်ကတော့ အဝါကဒ်ပင် ပြသခြင်းမခံခဲ့ရပဲ ကင်းလွတ်ခဲ့ပေမယ့် မော်ရင်ဟိုကတော့ အနီကဒ် ပြစ် ဒဏ်ကနေ လွတ်မြောက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

“ ၁၀ ယောက်တည်းနဲ့ ကစားရမယ့် အခြေအနေကနေ သူတို့ ကံကောင်းသွားပါတယ်။VAR သာ ဆုံးဖြတ်ပေးရင် သေချာပေါက် ထွက်ရမှာပါ။”လို့ မော်ရင်ဟိုက ဆိုခဲ့ပါတယ်။

VAR တာဝန်ရှိသူတွေကတော့ အဖြစ်အပျက် ဖြစ်ပွားချိန်မှာ ဖြစ်ရပ်ကို ပြန်ကြည့်ခဲ့ပေမယ့် ကွင်းလယ် ဒိုင်လူကြီး မာတင် အဒ်ကင်ဆန်ကတော့ VAR ပြန်ကြည့်ဖို့ ငြင်းဆန်ခဲ့တာပါ။

မော်ရင်ဟိုကတော့ အခုဖြစ်ရပ်ကို ပြီးခဲ့တဲ့ ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ပွဲတုန်းက ဆွန်ဟောင်မင်ကို VAR ကြည့်ပြီး ထုတ်ခဲ့တဲ့ ဖြစ်ရပ်နဲ့ နှိုင်းယှဥ်ကာ ကွင်းလယ်ဒိုင်ကို အပြစ်တင်ခဲ့ပါတယ်။

ရော်ဘင်ဆင်ကတော့ လီဗာပူးအသင်းအတွက် ကစားထားတဲ့ ပွဲပေါင်း ၁၃၆ပွဲမှာ အဝါကဒ် ၁၈ ကြိမ် ပြသခံခဲ့ရ ပေမယ့် အသင်းကြီး ထိပ်တိုက်တွေ့ဆုံတဲ့ပွဲတွေတိုင်းမှာတော့ ထုတ်ပယ်ခံရလေ့ မရှိဘူးလို့လည်း သိရပါ တယ်။

Share

Loading Next Article...
က္က