ကစားသမားအများအပြားကို ရောင်းထုတ်သွားဖွယ်ရှိနေပါတယ်။
Kg Htet

မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ ယခုနွေရာသီ မန်ချက်စတာယူနိုက်တက်အသင်းမှာ အညှာအတာမဲ့ ရှင်းထုတ်မှုတွေပြုလုပ်ဖို့ အစီအစဉ်ရှိကြောင်း အရိပ်အမြွက်ပြောကြားသွားခဲ့တယ်လို့ Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေါ့မွန်လူငယ်ကြယ်ပွင့် ဂျေဒန်ဆန်ချိုနဲ့ အက်သလက်တီကိုမက်ဒရစ်ကြယ်ပွင့် ဆာအူးလ်နီဂွယ်တို့ကို ခေါ်ယူဖို့ သတင်းတွေထွက်ပေါ်နေပါတယ်။

နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲရှုံးနိမ့်ခဲ့ပြီးနောက် ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် တရားဝင် အတည်ပြုခဲ့တဲ့အချိန်တုန်းက ကောင်းမွန်တဲ့အချက်ဖြစ်လာမယ်လို့ ခံစားခဲ့ရတာတွေက ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်အများအပြားဟာ ယခုနွေရာသီမှာ ရှင်းထုတ်ခံရတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ဆိုးလ်ရှားက ၎င်းအနေနဲ့ အညှာအတာကင်းမဲ့တဲ့ဆုံးဖြတ်ချက်မျိုး ချမှတ်သွားဖို့ လိုအပ်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

“ကျွန်တော် စိတ်ထင်ယောင်ထင်မှားဖြစ်နေတာမဟုတ်ပါဘူး။ ဒီဟာက ချောချောမွေ့မွေ့နဲ့လုပ်ဆောင်လို့ရတဲ့ လုပ်ငန်းစဉ်မျိုးမဟုတ်ပါဘူး”

“အဲဒါက ခက်ခဲလာပါလိမ့်မယ်။ ကျွန်တော် အရင်ကပြောခဲ့သလိုပဲ အသန်မာဆုံးသူက အသက်ရှင်ကျန်နိုင်မယ်။ အကောင်းဆုံးကလည်း အသက်ရှင်ကျန်နိုင်မယ်။ ကျွန်တော်တို့ လုပ်ရမယ့်ဟာက ဘယ်လောက်တောင် အညှာအတာကင်းမဲ့လိုက်သလဲ”

“ကျွန်တော်တို့ကို ရှေ့ကိုခေါ်ဆောင်သွားနိုင်မယ့် ကစားသမားမျိုးကို လိုအပ်ပါတယ်။ အဲဒါက အဝတ်လဲခန်းထဲက ယဉ်ကျေးမှုကို ဆိုလိုတာပါ”

“ဒီနေရာမှာ ကျွန်တော်တို့ နေ့တိုင်းလုပ်နေတဲ့ဟာတွေက ကျွန်တော်တို့ကို နောက်တစ်ကြိမ် စိန်ခေါ်မှုနိုင်အောင် ပြုလုပ်ပေးပါတယ်။ ဘာလို့လဲဆိုတော့ လီဗာပူးနဲ့ စီးတီးတို့က အခုအချိန်မှာ ကျွန်တော်တို့လိုအသင်းနဲ့ တော်တော်ဝေးဝေးအရှေ့ရောက်နေလို့ပါ”လို့ ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။


က္က