ပရိသတ်အများစုကလည်း အသင်းရဲ့ဆုံးဖြတ်ချက်ကို လက်ခံဖို့ရှိနေပါတယ်။

လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ်တွေအပြင် ရာသီသစ်ပွဲစဉ်တွေအထိပါ ကွင်းပိတ်ကစားဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ မကြာမီပြန်လည်ကျင်းပတော့မယ့် ၂၀၁၉-၂၀ ဘောလုံးရာသီလက် ကျန်ပွဲစဉ်များအပြင် ရာသီသစ် ၂၀၂၀-၂၁ ဘောလုံးရာသီပွဲစဉ်တွေကိုပါ ပရိသတ်မပါဘဲ ကွင်းပိတ်ကစားဖို့စီစဉ် နေတယ်လို့ Mirrror.com ရဲ့ဖော်ပြချက်အရ သိရပါတယ်။

COVID-19 ရောဂါကို တိတိကျကျထိန်းချုပ်နိုင်တဲ့အခြေအနေတစ်ရပ်ရောက်မှသာ ပရိသတ်တွေအနေနဲ့ ယူနို က်တက်အသင်းရဲ့ အိမ်ကွင်းပွဲစဉ်တွေကို ကြည့်ရှု့ခွင့်ရရှိမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အတည်ပြုဆုံးဖြတ်ဖို့ အတွက် ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်ပါတယ်။



သတင်းဖော်ပြမှုတွေအရ ယူနိုက်တက်အသင်းအနေနဲ့ စပိန်လာလီဂါထိပ်သီးကလပ်ဘာစီလိုနာအသင်းလို ရာ သီသစ်ရဲ့ ရာသီဝက်ပွဲစဉ်တွေပြီးဆုံးမယ့် ဇန်နဝါရီလအကုန်အထိ ကွင်းပိတ်ကစားဖို့စီစဉ်နေတာဖြစ်ပြီး လာမယ့် ရက်ပိုင်းအတွင်းအတည်ပြုဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိ်န်မှာ ဗြိတိန်နိုင်ငံအတွင်း ရောဂါကူးစက်ခံရမှုနှုန်းကို ထိန်းချုပ်နိုင်ပြီဖြစ်ပေမယ့် အားကစားပွဲစဉ်တွေ ပြန်လည်စတင်ခဲ့ပါက ထပ်မံဖြစ်ပွားလာနိုင်တဲ့အခြေအနေများကြောင့် ယူနိုက်တက်အသင်းအပါအဝင် ပရီးမီး ယားလိဂ်အသင်းကြီးအများစုက အခုလိုလုပ်ဆောင်ဖို့ ရှိနေကြတာပါ။

ဆက်စပ်သတင်းတွေအရ ယူနိုက်တက်အသင်းအနေနဲ့ ၂၀၂၀-၂၁ ဘောလုံးရာသီသစ်လက်မှတ်ရောင်းချမှုကို အချိန်အကန့်အသတ်မရှိရပ်နားဖို့လည်း စီစဉ်နေသလို တစ်ရာသီစာလက်မှတ်ဝယ်ယူလေ့ရှိတဲ့ပရိသတ်အများ စုကလည်း ဖေဖော်ဝါရီနောက်ပိုင်းပွဲစဉ်တွေအတွက်သာ ရောင်းချသွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။



က္က