COVID-19 အတွက် ဆေးဝါးမပေါ်ထွက်မီအချိန်ကာလအထိ ကွင်းအတွင်းပရိသတ်ဝင်ရောက်ကြည့်ရှု့ခွင့်ကို ဆက်လက်ပိတ်ပင်ထားဖို့ရှိနေခဲ့တာပါ။
ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ကိုယ်တိုင်က COVID-19 အတွက် ကုသနိုင်မယ့်ဆေးဝါး၊ ကာကွယ်နိုင်မယ့် ဆေးဝါးမပေါ်မချင်း အားကစားပွဲအားလုံးပရိသတ်မပါဘဲ ကျင်းပသင့်တယ်လို့ မှတ်ချက်ပြုပြောဆိုခဲ့ပြီးတဲ့နော က် အခုလိုစီစဉ်မှုတွေရှိလာခဲ့တာပါ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နဲ့ အခြားသောအင်အားကြီးနိုင်ငံများအနေနဲ့ ကုသနိုင်မယ့်ဆေးဝါးကို အပူတပြင်း စမ်းသပ်ရှာဖွေနေဆဲဖြစ်ပြီး ခန့်မှန်းအားဖြင့် လာမယ့် ၂၀၂၁ဖေဖော်ဝါရီအထိ အတည်ပြုဆေးဝါးပေါ်ထွက်လာဖို့ မလွယ်ကူးကြောင်း သတင်းထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
သို့ဖြစ်၍ ပရီးမီးယားလိဂ်အသင်းအားလုံးအနေနဲ့ လာမယ့် ဘောလုံးရာသီသစ်အတွက် တစ်ရာသီစာလက်မှတ် ရောင်းချမှုများအားလုံးကို ရုတ်သိမ်းခဲ့ပြီး ပရိသတ်တွေအနေနဲ့ ရုပ်သံ၊ အသင်းပိုင်လူမှုကွန်ယက်စာမျက်နှာတွေ ကနေတဆင့်သာ ဘောလုံးပွဲစဉ်တွေကို ကြည့်ရှု့အားပေးရဖို့ရှိနေခဲ့တာပါ။
ကွင်းပိတ်ကစားခြင်းကြောင့် ပရိသတ်တွေဆီက ကွင်းဝင်ကြေးများဆုံးရှုံးရဖို့ရှိနေတဲ့ ပရီးမီးယားလိဂ်အသင်းတွေ အနေနဲ့ လာမယ့်ဘောလုံးရာသီသစ်အတွင် ပေါင်၁ဘီလျံအထိနစ်နာဖို့ရှိနေတယ်လို့ သုံးသပ်မှုများရှိနေခဲ့ပြီး အ သင်းကြီးအချို့အတွက် ဘဏ္ဍာရေးထိခိုက်မယ့်နှစ်တစ်နှစ်ဖြစ်လာနိုင်ခြေရှိနေခဲ့တယ်လို့လည်း သတင်းဖော်ပြမှု တွေရှိနေခဲ့ပါတယ်။