လီဗာပူးအနေနဲ့ ချန်ပီယံအဖြစ်ရပ်တည်ဖို့ နိုင်ပွဲ ၂ပွဲသာလိုအပ်တော့တာပါ။
Win Kyaw Min

၂၀၁၉-၂၀ ဘောလုံးရာသီရဲ့ လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လာမယ့် ဇွန် ၁ရရက်နေ့မှာပြန်လည်ကျင်း ပဖို့ အတည်ပြုသတင်းထုတ်ပြန်ပြီးလည်းဖြစ်ပါတယ်။

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်က ပွဲစဉ်တွေပြန်စဖို့အတွက် စိန်ခေါ်မှုများစွာရှိနေခြင်းနဲ့အတူ စိုးရိမ်မှုတွေရှိနေခဲ့ ပေမယ့် အသင်းအတွက်တော့ ပြဿနာမဟုတ်ကြောင်း၊ ချန်ပီယံဆုအတွက် သေချာနေခဲ့ပြီဖြစ်လို့ ဘယ်အချိန် ဖြစ်ဖြစ် စောင့်ဆိုင်းဖို့အဆင်ပြေကြောင်း ထုတ်ဖော်ပြောဆိုခဲ့မှုကို thesun က ဖော်ပြလာပါတယ်။

၂၀၁၉-၂၀ ဘောလုံးရာသီပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြီးဆုံးဖို့အတွက် ပွဲစဉ်-၉ ပွဲကျန်ရှိသေးချိန်မှာ အဆင့်-၂နေ ရာက မန်စီးတီးထက် တစ်ပွဲပိုကစားပြီး ရမှတ် ၂၅မှတ်အထိဖြတ်ထားခဲ့တဲ့ လီဗာပူးအသင်းအနေနဲ့ ချန်ပီယံအဖြ စ်ရပ်တည်နိုင်အသေချာဆုံးအခြေအနေရှိနေခဲ့တာပါ။



“ လက်ကျန်ပွဲတွေပြန်ကန်ရတဲ့အချိန်မှာ ရသင့်ရထိုက်တဲ့အမှတ်အတွက် အစွမ်းကုန်ကစားသွားမှာပါ။ အသင်း အတွက်ချန်ပီယံဆုက သေချာနေပြီဖြစ်လို့ ဒီထက်ပိုပြီး အချိန်ထပ်ပေးရလည်း ပြဿနာမရှိပါဘူး။ ကစားသမား အားလုံးရာသီအစကလို ကြံ့ခိုင်မှုအပြည့်နဲ့အသင့်ပါပဲ ” လို့ လီဗာပူးနည်းပြဂျာဂင်ကလော့ပ်က မှတ်ချက်ပြုပြော ဆိုလိုက်တာလည်းဖြစ်ပါတယ်။

လီဗာပူးအသင်းအနေနဲ့ အင်္ဂလန်အမှတ်ပေးချန်ပီယံဆုကို နှစ် ၃ဝအကြာမှ ပြန်လည်ရယူနိုင်မယ့်အခွင့်အရေးရ ရှိထားတာဖြစ်ပြီး ပရီးမီးယားလိဂ်လို့ အမည်ပြောင်းလဲခဲ့ပြီးတဲ့နောက် ပထမဦးဆုံးရရှိတဲ့ ချန်ပီယံဆုဖလားဖြစ် လာမှာပါ။

လက်ကျန်ပွဲစဉ် ၉ပွဲအတွင်း ၂ပွဲအနို်င်ရရုံနဲ့ ချန်ပီယံဆုဖလားကို ကိုင်မြှောက်ခွင့်ရရှိမယ့် လီဗာပူးအသင်းဟာ ဇွန် ၁ရရက်နေ့မှာပြန်စမယ့် ပွဲစဉ်တွေအတွင်း အဲဗာတန်၊ ခရစ္စတယ်ပဲလေ့စ်ကိုသာ အနိုင်ရခဲ့ပါက ချန်ပီယံအဖြစ်ရပ် တည်နိုင်ဖို့ရှိနေတာလည်းဖြစ်ပါတယ်။


Author


က္က