ဂရင်းဝုဒ်ကို ချီးကျူးပြောဆိုခဲ့တာပါ။
Pyae Phyo Thein

ဒီရာသီမှာ ယူနိုက်တက်အသင်းကြီးအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၁၄ ဂိုးအထိရရှိခဲ့ကာ လာမယ့်ရာသီတွေမှာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အားထားရမယ့်ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်းဘာဘာတော့ဗ်က ယူနိုက်တက်လူငယ်ကစားသမားဂရင်းဝုဒ်ဟာ ဘရိုက်တန်နဲ့့ပွဲမှာ ရော်နယ်ဒိုလိုခြေစွမ်းမျိုးကို ပြသခဲ့တယ်လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။ နည်းပြဆိုးလ်ရှားအနေနဲ့လည်း ကစားသမားကောင်းတစ်ဦးကို ပိုင်ဆိုင်ထားတယ်လို့ ဘူဂေးလ်ရီးယားကြယ်ပွင့်ဟောင်းက ချီးကျူးသွားခဲ့ပါတယ်။

ဂရင်းဝုဒ်ဟာ ဘရိုက်တန်နဲ့ပွဲမှာ အသင်းအတွက် တစ်ဂိုးသွင်းကာ ဖာနန်ဒက်စ်ရဲ့ သွင်းဂိုးအတွက်လည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဘယ်ခြေရော၊ ညာခြေနဲ့ပါ ကျွမ်းကျွမ်းကျင်ကျင်ကစားနိုင်သူဖြစ်ပြီး ဒီရာသီမှာ ယူနိုက်တက်အသင်းကြီးအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၁၄ ဂိုးအထိရရှိခဲ့ကာ လာမယ့်ရာသီတွေမှာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အားထားရမယ့်ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပါတယ်။ 

Mirror ကတဆင့် ဘာဘာတော့ဗ်က ပြောဆိုခဲ့ရာမှာတော့ "ဘရိုက်တန်နဲ့ပွဲမှာ သူ့ခြေစွမ်းက ရော်နယ်ဒိုလိုပါပဲ၊ သူ့ရဲ့အမြင်စူးရှမှုနဲ့အတူ ဘယ်ခြေကန်သွင်းချက်တွေကလည်း မယုံကြည်နိုင်စရာပါပဲ၊ ယူနိုက်တက်အနေနဲ့ နောက်တဆင့်ကိုသွားနိုင်ဖို့ ကစားသမားအများကြီးခေါ်ယူဖို့ မလိုတော့ဘူးလို့ ကျွန်တော်ထင်ပါတယ်၊ တကယ်ကောင်းမွန်တဲ့ ကစားသမားတွေကိုပဲ သူတို့လိုအပ်တာပါ" လို့

"လက်ရှိအသင်းက ကစားသမားတွေထက် ပိုကောင်းတဲ့ကစားသမားမျိုးပေါ့" လို့ ဘာဘာတော့ဗ်က ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်နည်းပြဆိုးလ်ရှားလ်ကလည်း " ဂရင်းဝုဒ်က ပိုပြီးတော့ကောင်းမွန်လာဦးမှာပါ၊ သူ့ရဲ့ တိုးတက်လာမှုနဲ့ ရင့်ကျက်မှုတွေကိုလည်း အားလုံးမြင်တွေ့ပြီးသားပါ၊ သူ့အသက်က ၁၈ နှစ်အရွယ်သာရှိသေးပြီး သူ့ဆီက ပိုကောင်းတဲ့အရာတွေကို မြင်တွေ့ရဖို့ရှိနေပါတယ်" လို့ ချီးကျူးခဲ့ပါသေးတယ်။ 


Author


က္က