၂ရာသီအတွင်း စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ထားတာပါ။

လီဗာပူးလ်အသင်းတိုက်စစ်ပိုင်းမှာ ဆာလာ၊ ဖာမီနိုနဲ့ မာနေးတို့က အတွဲအဖက်ညီညီ ခြေစွမ်းပြနေခဲ့ပြီး အသင်းကို ရလဒ်ကောင်းတွေရရှိအောင် စွမ်းဆောင်ပေးနေသူတွေဖြစ်ပါတယ်။


လီဗာပူးလ်အသင်းရဲ့ တိုက်စစ်အတွဲအဖက်ဖြစ်တဲ့ ဆာလာ၊ ဖာမီနို နဲ့ မာနေးတို့ရဲ့ စွမ်းဆောင်ရည်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်အတွဲဟောင်းတစ်ခုဖြစ်တဲ့ ရော်နယ်ဒို၊ ရွန်နီ နဲ့ တီဗက်ဇ်တို့ရဲ့စွမ်းဆောင်ရည်ထက် ပိုမိုသာလွန်နေတယ်လို့ မှတ်တမ်းအချက်အလက်တွေအရ သိရှိရတယ်လို့ Give Me Sport က ဖော်ပြသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းတိုက်စစ်ပိုင်းမှာ ဆာလာ၊ ဖာမီနိုနဲ့ မာနေးတို့က အတွဲအဖက်ညီညီ ခြေစွမ်းပြနေခဲ့ပြီး အသင်းကို ရလဒ်ကောင်းတွေရရှိအောင် စွမ်းဆောင်ပေးနေသူတွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း ဆာလာနဲ့ မာနေးတို့က ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ပူးတွဲရရှိခဲ့ကြသလို ချန်ပီယံလိဂ်ဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။

ဖာမီနိုကတော့ အသင်းတိုက်စစ်ပိုင်းနေရာစုံမှာ ကစားပေးနေပြီး တွဲဖက်တိုက်စစ်မှူးနှစ်ဦးအတွက် သွင်းဂိုးတွေရရှိအောင် ဖန်တီးပေးနေသလို ကိုယ်တိုင်လည်း ဂိုးသွင်းယူနိုင်စွမ်းရှိသူတစ်ဦးအဖြစ် ရှိနေခဲ့ပါတယ်။ သူတို့အတွဲအဖက်ဟာ ဘောလုံးရာသီ ၂ရာသီအတွင်းမှာ ဂိုးပါဝင်ပတ်သက်မှုစုစုပေါင်း ၁၆၀ ဂိုးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ရော်နယ်ဒို၊ ရွန်နီနဲ့ တီဗက်ဇ်တို့ကလည်း ယူနိုက်တက်မှာ ၂ရာသီကြာ တွဲဖက်ကစားခဲ့ကြပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်အတွဲဖြစ်ခဲ့ပါတယ်။ ၂ရာသီအတွင်းမှာ ဂိုးပေါင်း ၁၄၀ ဂိုးအထိ ပါဝင်ပတ်သက်ခဲ့ကြပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ကာ ဖာဂူဆန်လက်ထက်မှာ အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့ကြပါတယ်။

ဆာလာ၊ ဖာမီနို နဲ့ မာနေးတို့ကတော့ လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို မရယူနိုင်ပေးသေးပေမယ့်လည်း ဒီရာသီမှာ အသင်းကို ၈ ပွဲဆက်တိုက်အနိုင်ရရှိအောင် သူတို့ရဲ့ သွင်းဂိုးတွေနဲ့ ကူညီနေခဲ့ကြပါတယ်။ ယာဂင်ကလော့ပ်လက်ထက်မှာ လီဗာပူးလ်ရဲ့ အရေးပါတဲ့ကစားသမားတွေအဖြစ်လည်း ရပ်တည်နိုင်ခဲ့ကြပါတယ်။



က္က