ယခုရာသီကုန်မှာ အသင်းကနေ ထွက်ခွာမယ့် ပီတာချက်နေရာမှာ အစားထိုးနိုင်မှာပါ။
Kg Htet

ရီးရဲမက်ဒရစ်အသင်းရဲ့ဂိုးသမား ကေလာနားဗက်စ်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာတော့မယ့်အကြောင်း အရိပ်အမြွက်ထုတ်ဖော်ပြောကြားခဲ့ပြီး အာဆင်နယ်အသင်းက ကေလာနားဗက်စ်ကို ပေါင် ၁၄ သန်းနဲ့ ခေါ်ယူတော့မယ်လို့ Metro ရဲ့သတင်းအရ သိရပါတယ်။

ကော်စတာရီကာလက်ရွေးစင်ဂိုးသမား ကေလာနားဗက်စ်ဟာ ချယ်ဆီးအသင်းကနေ ရီးရဲမက်ဒရစ်အသင်းကို ပြီးခဲ့တဲ့နွေရာသီမှာ ကော်တိုရစ် ပြောင်းရွှေ့လာချိန်ကတည်းက နေရာပျောက်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ယနေ့အချိန်အထိ ပွဲထွက်ခွင့်မရရှိသေးတာဖြစ်ပါတယ်။



ကေလာနားဗက်စ်အနေနဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ကစားဖို့ မျှော်လင့်စရာမရှိတော့ကြောင်း ပြသခြင်းခံခဲ့ရပြီး ရီးရဲမက်ဒရစ်အသင်းက ကေလာနားဗက်စ်ကို ထွက်ခွာခွင့်ပြုဖို့ ပြင်ဆင်ခဲ့ပါတယ်။

စပိန်သတင်းစာအားကစားကဏ္ဍက သတင်းအရ အာဆင်နယ်နဲ့ ရိုးမားအသင်း ၂ သင်းစလုံးဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွက် ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ပြီး အာဆင်နယ်အသင်းက အသက် ၃၂ နှစ်အရွယ် ကေလာနားဗက်စ်ကို ပေါင် ၁၄ သန်းနဲ့ကမ်းလှမ်းခဲ့ပါတယ်။

ကေလာနားဗက်စ်ဟာ နယူးရီးယားနေ့မှာ ၎င်းရဲ့အင်စတာဂရမ်မှာ ပရိသတ်တွေကို လိုက်လံနှုတ်ဆက်နေတဲ့ပုံနဲ့အတူ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်လို့ အဓိပ္ပာယ်ရတဲ့ စာသားကို ရေးသားထားတဲ့ပုံကို တင်ပြီးအသင်းကနေ ထွက်ခွာဖို့ အရိပ်အမြွက်ပြသခဲ့ပြီးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က