လမ်းဘေးအကာတိုင်ကို ဝင်ရောက်တိုက်မိခဲ့ပေမယ့်လည်း ကံကောင်းစွာဖြင့် ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ မရခဲ့ ဘူးလို့ သိရပါတယ်။
တနင်္လာနေ့ မနက်ပိုင်းလောက်က ယူနိုက်တက် လေ့ကျင့်ရေးကွင်းအနီးမှာ ကားအက်ဆီးဒင့် တစ်ခုဖြစ်ပွားခဲ့ပြီး ယူနိုက်တက် ဂိုးသမား ရိုမီရို မောင်းနှင်လာတဲ့ ကားလို့ BBC SPORT က ဖော်ပြလာပါတယ်။
အက်ဆီးဒင့် ဖြစ်ပွားခဲ့တဲ့ ပုံကိုတော့ အွန်လိုင်းကတဆင့် ပျံ့နှံ့စွာ သိလာခဲ့ရတာလို့ ဆိုပြီး ကာရစ်ချ်တန် စပါး လမ်းမကြီးပေါ်ရှိ လမ်းဘေး အကာကို ဝင်ရောက်တိုက်မိထားတာပါ။
ဖြစ်စဥ်နဲ့ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက် ရဲတပ်ဖွဲ့က နံနက် ၁၀ နာရီလောက်မှာ ဖြစ်ပွားခဲ့ဟန်ရှိပြီး အက်ဆီးဒင့်မှာတော့ ဘယ်သူမှ ထိခိုက်ဒဏ်ရာမရဘူးလို့ အတည်ပြု ထုတ်ပြန်ထားပါတယ်။
ရိုမီရိုအနေနဲ့ကတော့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ လီဗာပူးနဲ့ပွဲမှာ အရန်ဂိုးသမားအဖြစ် ပါဝင်ခဲ့သူ ဖြစ်ပြီး အက်ဆီးဒင့်မှာ ကြီးမားခဲ့ပေမယ့်လည်း ထိခိုက်ဒဏ်ရာတော့ တစ်စုံတရာမရခဲ့တာလည်း ဖြစ်ပါတယ်။
အာဂျင်တီးနား လက်ရွေးစင်အနေနဲ့ ၂၀၁၅ ခုနှစ်က ဆမ်ဒိုးရီးယားကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့ပြီး နောက် ဒီဂီယာရဲ့ အရန်ဂိုးသမားအဖြစ် ပွဲပေါင်း ၅၃ ပွဲ ယူနိုက်တက်အတွက် ပါဝင်ကစားပေးထားနိုင်သူပါ။