အာဆင်နယ်အနေနဲ့ ယူရိုပါလိဂ်အုပ်စု(စ)ရဲ့ ပထမနေရာကို ရယူထားနိုင်ခဲ့ပါပြီ။

ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွင် ပုံမှန်ခြေစွမ်းသာရှိနေခဲ့တဲ့ ပီပီအပေါ် ဝေဖန်နေကြတာပါ။

အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ မာတင်ကီအွန်အနေနဲ့ ယူရိုပါလိဂ်ပွဲစဉ်တွင်ေြ ခ  စွမ်းပြကစားခဲ့တဲ့ လူငယ်ကစားသမားတွေကိုချီးကျူးခဲ့ပြီး ငွေကုန်ကြေးကျများခဲ့တဲ့  တောင်ပံကစား  သမား ပီပီထက် လူငယ်ကစားသမားတွေက ပိုကောင်းခဲ့တယ်လို့ ပွဲအပြီးမှတ်ချက်ပြုမှုကို Dailymail ကဖော်ပြလာပါတယ်။

တောင်ပံကစားသမားပီပီအနေနဲ့ လိုင်လီအသင်းကနေ ပေါင် ၇၂သန်းနဲ့ပြောင်းရွှေ့လာခဲ့သော်လည်း   လက်ရှိအချိန်အထိအသင်းအတွက် ဂိုးရယူပေးနိုင်ခြင်းမရှိသလို ပုံမှန်ခြေစွမ်းတွင်သာရှိနေခဲ့တဲ့အတွက်  အာဆင်နယ်ကစားသမားဟောင်းတွေအပြင် ပရိသတ်အချို့ကပါ ဝေဖန်နေတာလည်းဖြစ်ပါတယ်။



“ ပီပီရဲ့ ကစားပုံကို အားလုံးမြင်ကြမှာပါ။ အသင်းကြီးတစ်သင်းရဲ့ ကစားသမားတစ်ယောက်မှာရှိသင့် တဲ့ ခြေစွမ်းရှိတာကတော့ ပေါင် ၇၂သန်းပေးချေခဲ့ရလို့ လက်ခံရမှာပါ။ ဒါပေမဲ့ ဒီညပွဲမှာတော့ လူငယ်  ကစားသမားတွေက ပီပီထက် ပိုကောင်းခဲ့တယ်ဆိုတာကိုတော့ ငြင်းမရပါဘူး ” လို့ မာတင်ကီအွန်က မှတ်ချက်ပြုခဲ့တာပါ။

ပီပီအနေနဲ့ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၅ပွဲကစားပေးခဲ့ပြီး ယူ  ရိုပါလိဂ်ပွဲစဉ် ၁ပွဲပါကစားပေးပြီးတဲ့အချိန်အထိ ပထမဦးဆုံးသွင်းဂိုးရရှိခဲ့ခြင်းမရှိသေး တာလည်း ဖြစ်ပါ တယ်။

အာဆင်နယ်အသင်းအနေနဲ့ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲစဉ်-၁အဖြစ် ပြီးခဲ့တဲ့နှစ်ပြိုင်ပွဲက ဆီမီးဖိုင်နယ်အ ဆင့် အထိရောက်ခဲ့တဲ့ ဂျာမနီကလပ်ဖရန့်ဖတ်အသင်းကို အူဘာမီယန်၊ လူငယ်ကစားသမားေ တွဖြစ်တဲ့ ဝယ်လော့ခ်၊ ဆာကာတို့ရဲ့သွင်းဂိုးတွေနဲ့အတူ အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။



က္က