နည်းပြလမ်းပတ်အနေနဲ့ ကစားသမားသစ် ၄ဦးအထိခေါ်ယူဖို့ ဆန္ဒရှိနေခဲ့တာပါ။
Win Kyaw Min

ရာသီဝက်ပွဲစဉ်တွေအပြီး ရှုံးပွဲ ရပွဲအထိရှိနေခဲ့တဲ့ ချဲလ်ဆီးရဲ့အခြေအနေက ရလဒ်ပိုင်းလိုအပ်ချက်ရှိနေခဲ့တာပါ။

ဘောင်ဆင်ဒေးပွဲစဉ်အဖြစ် ဆောက်သမ်တန်အသင်းကို အိမ်ကွင်းမှာ ရင်ဆိုင်ခဲ့ရာတွင် ရှုံးပွဲကြုံတွေ့ခဲ့ရပြီးနော က် ချဲလ်ဆီးအသင်းနည်းပြလမ်းပတ်က ပရိသတ်အတွက် စိတ်မကောင်းဖြစ်မိသလို အသင်းအနေနဲ့ လာမယ့် အပြောင်းအရွှေ့ ကာလအတွင်းမဖြစ်မနေ ကစားသမားသစ်ခေါ်ယူဖို့ လိုအပ်နေခဲ့ပြီဖြစ်တယ်လို့ ထုတ်ဖော်ပြော ဆိုခဲ့မှုကို thesun က ဖော်ပြလာပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ရာသီဝက်ပွဲစဉ်တွေအပြီးမှာ ရမှတ် ၃၂မှတ်ရရှိခဲ့ပြီး အဆင့် ၄နေရာကိုရယူထားနိုင်ခဲ့ပေ မယ့် ရှုံးပွဲ ရပွဲအထိကြုံတွေ့ထားခြင်းနဲ့အတူ အိမ်ကွင်းရှုံးပွဲ ၄ပွဲအထိရှိလာခဲ့တဲ့အတွက် ပရိသတ်အချို့ရဲ့ဝေဖန်မှု ကို ခံနေရတာလည်းဖြစ်ပါတယ်။



“ ထိပ်ဆုံးလေးသင်းနေရာမှာ ရပ်တည်နိုင်ဖို့ဆိုရင် လက်ရှိထက်ပိုပြီးတည်ငြိမ်ဖို့လိုအပ်တယ်ဆိုတာလက်ခံပါတ ယ်။ ဒါပေမဲ့ လက်ရှိအခြေအနေကိုတော့ သိရှိနားလည်ရမှာပါ။ ကစားသမားတွေရဲ့ အားထုတ်မှု၊ ပေးဆပ်မှုတွေ ကို အသိအမှတ်ပြုတယ်ဆိုပေမယ့် ကစားသမားသစ်တွေကိုတော့ မဖြစ်မနေခေါ်ယူရဦးမှာပါ။ အထူးသဖြင့်အိမ် ကွင်းပွဲစဉ်တွေက ဖိအားအချို့ရှိလာခဲ့ပါပြီ” လို့ နည်းပြလမ်းပတ်က ဆိုခဲ့တာပါ။

ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ အပြီးတွင် ရှုံးပွဲ ရပွဲအထိရှိလာခဲ့ပြီဖြစ်တဲ့ ချဲလ်ဆီးအသင်းအနေနဲ့ အဆင့်-၄နေရာမှာဆ က်ပြီးရပ်တည်နိုင်ဆဲဖြစ်ပေမယ့် အဆင့်-၅နေရာက စပါးအသင်းရဲ့ဖိအားပေးခြင်းကိုခံနေရသလို အဆင့်-၃နေ ရာက မန်စီးတီးအသင်းနဲ့ရမှတ် ၆မှတ်အထိကွာဟနေခြင်းက အသင်းကိုပိုပြီး ဖိအားဖြစ်နေစေတယ်လို့လည်း သုံးသပ်မှုများရှိနေခဲ့ပါတယ်။

အပြောင်းအရွှေ့ပိတ်ခံခဲ့ရသော်လည်း အယူခံအောင်မြင်ခဲ့တဲ့အတွက် လာမယ့်ဇန်နဝါရီကစားသမားအပြောင်း အရွှေ့စျေးကွက်အတွင်း ကစားသမားသစ်ခေါ်ယူဖို့ ရှိနေတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ခရစ္စတယ်ပဲလေ့စ်တောင်ပံ ကစားသမားဇာဟာ၊ ဒေါ့မွန်တိုက်စစ်မှူးဆန်ချို၊ လိုက်ပ်ဇစ်တိုက်စစ်မှူးတီမိုလ်ဝါနာတို့ကို ခေါ်ယူနိုင်ရေးအတွက် ကမ်းလှမ်းမှုအချို့ပြုလုပ်နေတာလည်းဖြစ်ပါတယ်။


က္က