အနာဂတ်မှာ ချဲလ်ဆီးအသင်းရဲ့ အဓိက နံပါတ်တစ်ဂိုးသမားပြန်ဖြစ်လာရေးအတွက် တိုက်ပွဲဝင်သွားချင်တယ်လို့ ကီပါက ကြုံးဝါးပြောဆိုလာတယ်လို့ Daily Mail က ဖော်ပြလာပါတယ်။
အက်ဖ်အေလားဗိုလ်လုပွဲ အပါအဝင် ဘိုင်ယန်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ပါဝင်နိုင်ခြင်း မရှိခဲ့ပြီး နောက် ပေါင် ၇၁.၆သန်းတန် ဂိုးသမားဟာ ဒီနှစ် နွေရာသီမှာ အသင်းက ထွက်ခွာရဖို့ ဦးတည်နေခဲ့တာဖြစ်နေတာ ပါ။
ချဲလ်ဆီးအသင်းကလည်း မန်ဒီ၊နစ်ခ်ပုပ်၊ဒီယန်ဟန်ဒါဆန်၊ဂျန်အိုဘလန့် စတဲ့ ဂိုးသမားတွေကို ချိတ်ဆက်နေတယ် လို့သိရပါတယ်။
ဒါပေမယ့်လည်း ချဲလ်ဆီးအသင်းက တီမိုဝါနာ၊ဘန်ချီဝဲလ်၊ဟာကင်ဇီယက်၊သီယာဂိုလ်ဆေးလ်ဗားစတဲ့ ကစားသ မားတွေကို ပေါင် ၁၃၆သန်းပေးပြီး ခေါ်ယူခဲ့တာကြောင့် ဂိုးသမားတစ်ဦး ထပ်ခေါ်အုံးမှာလားဆိုတာကလည်း စိတ် ဝင်စားဖို့ ကောင်းပါတယ်။
ဒီအချိန်မှာ ကီပါကလည်း သူ့အနေနဲ့ ကျဆင်းနေတဲ့ လက်စွမ်းနဲ့ အသင်းရဲ့ ယုံကြည်မှု မခံရခြင်းအတွက် အသင်းက ထွက်ခွာသွားရခြင်းမဟုတ်ပဲ နံပါတ်တစ်ဖြစ်ဖို့ ပြန်လည်တိုက်ပွဲဝင်ပြသွားမယ်လို့ ပြောဆိုလာပါတယ်။
လက်ရှိမှာလည်း အသက် ၂၅နှစ်အရွယ် ဂိုးသမားဟာ အသင်းနဲ့ ၄နှစ်စာချုပ် ကျန်နေသေးပြီး တစ်ပတ်လုပ်ခ ပေါင် တစ်သိန်းခွဲရရှိနေသူပါ။
ဒါပေမယ့်လည်း ချဲလ်ဆီးအသင်းက ပေါင် သန်း ၅၀ အနည်းဆုံး ရပါက ပြန်လည်ရောင်းချချင်နေပြီး ကီပါဟာ ပြီးခဲ့တဲ့ ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ၄၅မိနစ် ပြန်လည်ပါဝင်ကစားပေးနိုင်ခဲ့ပါတယ်။