လီဗာပူးအနေနဲ့ အဆင့်-၂နေရာက မန်စီးတီးကို ၁၆မှတ်အထိဖြတ်ထားနိုင်ခဲ့ပါပြီ။
Win Kyaw Min

ပြည်တွင်းပွဲ ၄ဝဆက်တိုက်ရှုံးပွဲမရှိခဲ့တဲ့ ချဲလ်ဆီးရဲ့ စံချိန်ကိုတော့ လိုက်မီနိုင်ခဲ့ပါပြီ။

၂၀၁၉-၂၀ ဘောလုံးရာသီပရီးမီးယားလိဂ်ချန်ပီယံအဖြစ်ရပ်တည်ရန် ရာခိုင်နှုန်းပြည့်နီးပါးသေချာ ခဲ့ပြီ ဖြ စ်တဲ့ လီဗာပူးအသင်းအနေနဲ့ ချဲလ်ဆီးအသင်းရဲ့ ပြည်တွင်း ပွဲ ၄ဝဆက်တိုက်မရှုံးတဲ့စံချိန်ကိုလိုက်မီ နိုင်ခဲ့ပြီဖြစ်ပေမယ့် အံအားသင့်ဖွယ်စွမ်းဆောင်နိုင်ခဲ့ဖူးတဲ့ ချဲလ်ဆီးအသင်းရဲ့ အခြားစံချိန်ဟောင်းေ တွ ကို လိုက်မီဖို့မရှိတော့တဲ့အခြေအနေကို soccerway ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။

လီဗာပူးအသင်းအနေနဲ့ ပရီးမီးယားလိဂ်လို့အမည်ပြောင်းလဲခဲ့ပြီးတဲ့နောက်ပို င်း အမှတ်ပေးချန်ပီယံဆု တစ်ကြိမ်တစ်ခါမှရရှိခဲ့ခြင်းမရှိဘဲ နှစ်ပေါင်း ၃ဝကြာမှ ချန်ပီယံမျှော်လင့်ခွင့်ရရှိခဲ့ခြင်းကို နှစ်ပေါင်း ၅ဝအ ကြာမှ ချန်ပီယံဆုပြန်ရခဲ့တဲ့ ချဲလ်ဆီးအသင်းရဲ့ ၂၀၀၄-၀၅ ဘောလုံးရာသီစွမ်းဆောင်မှုများနဲ့ နှိုင်း ယှဉ်နေကြခြင်းလည်းဖြစ်ပါတယ်။



ချဲလ်ဆီးအသင်းအနေနဲ့ ၁၉၅၄-၅၅ မှာ ချန်ပီယံဆုရရှိခဲ့ပြီး နှစ်ပေါင်း ၅ဝအကြာ ၂၀၀၄-၀၅ ဘောလုံး ရာ သီရောက်မှ အမှတ်ပေးချန်ပီယံဆုရရှိခဲ့တာဖြစ်ပြီး ချန်ပီယံဖြစ်တဲ့နှစ်မှာ ရှုံးပွဲတစ်ပွဲတည်းသာရှိခဲ့ ပေမယ့် ပေးဂိုး ၁၅ဂိုးသာရှိခဲ့တဲ့အတွက် ပြိုင်ပွဲသမိုင်းတစ်လျှောက်ပေးဂိုးအနည်းဆုံးအဖြစ် စံချိန်တင် ထားခဲ့တာပါ။

လက်ရှိမှာပရီးမီးယားလိဂ်ရှုံးပွဲမရှိရလဒ်ရရှိထားပေမယ့် ပေးဂိုးအရေအတွက် ၁၅ဂိုးရှိထားခဲ့ပြီဖြစ်တဲ့ အ တွက် လက်ကျန်ပွဲ ၁၅ပွဲကျန်ရှိနေသေးတဲ့အခြေအနေမှာ လီဗာပူးအသင်းအနေနဲ့ ပရီးမီးယားလိဂ်သ မိုင်းတစ်လျှောက် ခံစစ်အကောင်းဆုံးစံချိန်ကိုချိုးဖျက်ခွင့်ဆုံးရှုံးခဲ့ပြီလည်းဖြစ်ပါတယ်။

ဒါ့အပြင် dailymail ရဲ့ဖော်ပြချက်အရ လီဗာပူးအသင်းအနေနဲ့ ရာသီအစက ချဲလ်ဆီးအသင်းတင်ရှိ ထားတဲ့ ရာသီအဖွင့် ၉ပွဲဆက်တိုက်အနိုင်ရတဲ့စံချိန်ကိုလိုက်မီဖို့ နီးစပ်ခဲ့ပေမယ့် ပွဲစဉ်-၉မှာ မန်ချက်စ တာယူနိုက်တက်အသင်းကို ၁-၁ သရေကျခဲ့တဲ့အတွက် မှတ်တမ်းကောင်းတစ်ခုကို ကျော်ဖြတ်နိုင်မ ယ့် အခွင့်အရေးဆုံးရှုံးခဲ့တယ်လို့လည်း သိရပါတယ်။


Author


က္က