ကွင်းအတွင်းဆေးလိပ်သောက်ခွင့်မရှိတဲ့ အင်္ဂလန်မှာ ချဲလ်ဆီးအသင်းက ဆာရီအတွက်ဆေးလိပ်သောက်ခွင့်ပေးထားပါတယ်။
Kyaw Ko Ko Sint

တစ်နေ့ ဆေးလိပ် ၅ ဗူးလောက်ကုန်တဲ့ ဆာရီတစ်ယောက်ကွင်းအတွင်း ဆေးလိပ်မသောက်ရမနေနိုင်အောင်ဖြစ်နေတာကို ချဲလ်ဆီးအသင်းက ဖြည့်ဆည်းပေးခဲ့ပေမယ့် ဆာရီကတော့ ဒီအကျင့်ကို ပြင်မယ်လို့ ပြောခဲ့ပါတယ်။


Photo - Goal.com

 

ဆေးလိပ်မသောက်ရရင် မနေနိုင်တဲ့ ဆာရီတစ်ယောက်အတွက် ချဲလ်ဆီးအသင်းက ကွင်းအတွင်းဆေးလိပ်သောက်လို့ရအောင်စီစဉ်ထားပေမယ့် လည်းဆာရီကတော့ ဒီအလေ့အထကို ပြောင်းဖို့ ကြိုးစားနေပြီလို့သိရပါတယ်။

တနင်္လာနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အားကစားသတင်းများ 

၎င်းအနေနဲ့ ဘောလုံးကွင်းအတွင်း နည်းစနစ်ညွန်ကြားချိန်များမှာ ဆေးလိပ်ကို အမြဲတစေ သောက်လေ့ရှိပေမယ့်လည်း ဒီအလေ့အထကို ဖြတ်နိုင်ဖို့ ကြိုးစားသွားတော့မယ်လို့ ထုတ်ဖော်ပြောလာတာ ဖြစ်ပါတယ်။

Photo - Latest football news in Nigeria

 

အင်္ဂလန်နိုင်ငံရဲ့ ဥပဒေအရ ဘောလုံးကွင်းအတွင်း ဆေးလိပ်သောက်သုံးခြင်းကို တားမြစ်ထားပေမယ့်လည်း ပြီးခဲ့တဲ့ စနေနေ့က အာဆင်နယ် အသင်းနဲ့ အိမ်ကွင်းပွဲမှာတော့ ဆာရီထံမှ ဆေးလိပ်ငွေ့က တစ်ကွင်းလုံးကို ပြန့်နှံ့သွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းက ၎င်းကိုကွင်းအတွင်းဆေးလိပ်သောက်ဖို့ နေရာပေးခဲ့ပေမယ့်လည်း ပထမပိုင်းအပြီးမှာ ဆေးလိပ်သောက်မယ့်နေရာကို ရှာနေ ခဲ့တယ်လို့ သိရပါတယ်။

" ကျွန်တော် လန်ဒန်မှာရှိနေတုန်းတော့ ဒီအကျင့်ကို ဖျက်ဖို့ ကြိုးစားရမှာပါပဲ။ဒါပြီးရင်တော့ ပြန်စမှာပေါ့။နောက်ပြီး ကျွန်တော့်အတွက် ပထမပိုင်း ပြီးဖို့လည်း မလိုပါဘူး။" လို့ ဆာရီက ရယ်သံနှောပြောခဲ့တယ်လို့သိရပါတယ်။

Photo - Bollywood

 

ဆာရီအနေနဲ့ တစ်နေ့ကို စီးကရက် ၅ ဗူးလောက်အထိ ကုန်အောင်သောက်နေတဲ့ ဆေးလိပ်ကြိုက်သူတစ်ဦးလို့ သိထားရပြီး ယခင် နာပိုလီအ သင်းမှာ ကိုင်တွယ်စဉ်ကတော့ အီတလီနိုင်ငံက ဥပဒေအရ ဆေးလိပ် အမြဲသောက်လေ့ရှိသူဖြစ်ပါတယ်။

အခုတော့ အင်္ဂလန်မှာ ဒီဥပဒေကို ကန့်ကွက်ထားပြီး ချဲလ်ဆီးအသင်းကတော့ သူ့တွက် ဆေးလိပ်သောက်ဖို့ သီးသန့်နေရာ တည်ဆောက်ပေး ထားပေမယ့်လည်း ဒီအလေ့အကျင့်ကို ဖြတ်တော့မယ်လို့ ဆာရီက ပြောခဲ့တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က